News

POST TYPE

POPULAR POST

အစိုးရဝန်ထမ်းများအားလုံး နာရေးမှလွဲ၍ နေရပ်မပြန်ရန် အမိန့်ထုတ်
04-Apr-2020



ရန်ကုန်၊ ဧပြီ ၄

သင်္ကြန်ကာလရုံးပိတ်ရက်များတွင် နာရေးကိစ္စများမှလွဲ၍ အစိုးရဝန်ထမ်းများအားလုံး ခရီးသွားလာခွင့်မပေးရန် နိုင်ငံတော်သမ္မကတရုံးက ဧပြီ ၄ ရက်က ညွှန်ကြားသည်။

မဟာသင်္ကြန်ကာလရုံးပိတ်ရက်များတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာအရပ်မှ မိသားစုများရှိရာ နေရပ်ဒေသအသီးသီးသို့ ပြန်ကြစဉ် လမ်းခရီးတွင်လည်းကောင်း၊နေရပ်သို့ရောက်ရှိစဉ်လည်းကောင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါပိုးကူးစက်ခံထားရသည့် ပြည်သူများ၊မိသားစုဝင်များ၊‌အသိမိတ်ဆွေများနှင့် ထိတွေ့မိရာမှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်မည်ဖြစ်သည်အပြင်ယင်းကဲ့သို့ ရောဂါကူးစက်ခံရပြီး ရုံးပိတ်ရက်ကုန်ဆုံး၍ပြန်လည်တာဝန်ထမ်းဆောင်ချိန်တွင် ရောဂါကူးစက်ခံဝန်ထမ်းများမှတစ်ဆင့် ရုံးဌာနအတွင်းရှိ အခြားဝန်ထမ်းများကို ကူးစက်ခြင်းခံရပါက ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင် မည်ဖြစ်သည့်အတွက် ယင်းကဲ့သို့ ညွှန်ကြားခဲ့ရခြင်းဖြစ်သည်။


"နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် အမှန်ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေအတွက် ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။ ပေါက်ခေါင်း ဖြစ်စဉ်မှာ ထွေအုပ်တစ်ရုံးလုံး Shut Down လုပ်လိုက်ရပါတယ်" ဟု နိုင်ငံသမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက  အိမ်တော်သတင်းထောက် များကို ပြောဆိုလိုက်သည်။


အင်းလျားလိတ်ဟိုတယ်ဝင်း အတွင်းရှိ S0S ဆေးခန်း မှ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသော ၀န်ထမ်းဖြစ်သူ ဇနီးသည်မှ တစ်ဆင့် ခင်ပွန်းသည်နှင့် တကွ မိသားစုဝင်များကို ကိုရိုနာ ဗိုင်းရပ်ကူးစက်ခဲ့ခြင်းကြောင့် ပေါက်ခေါင်းမြို့နယ် အထွေတွေအုပ်ချုပ်ရုံး ဦးစီးဌာန တစ်ခုလုံးကို lock Down ပြုလုပ်ခဲ့ရသဖြင့် နိုင်ငံ၀န်ထမ်းများ ကူးစက်ခံရမှု မရှိစေရန် သင်္ကြန် ရုံးပိတ်ရက်ခရီးသွားလာမှု ကိုကန့်သတ်ခဲ့ရကြောင်း နိုင်ငံသမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ပြည်ထောင်စုအဖွဲ့အစည်းဝင်များအားလုံး၊ပြည်ထောင်စုဝန်ကြီးဌာနများ၊တိုင်းဒေသကြီးပြည်နယ်အတွင်းရှိဝန်ထမ်းများအားလုံးသည် သက်ြန်ကာလရုံးပိတ်ရက်ကာလအတွက် ပြန်ပေးရမည့် အစားထိုးရုံးပိတ်ရက်အား COVID-19 ရောဂါပိုးကင်းစင်သည့်အချိန်တွင် ဝန်ထမ်းအင်အားတစ်ဝက်ရုံးတက်၊တစ်ဝက်ခွင့်ပြန်စနစ်ဖြင့်ပြန်လည်ဆောင်ရွက်ရန်နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၂၀အထိ ရှိလာသည့်အချိန်တွင် အသွားအလာကန့်သတ်ခြင်းများ နှင့် မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေး ကိစ္စ နှင့် အစားအသောက်၀ယ်ယူမည့် ကိစ္စမှ အပ မလိုအပ်ဘဲ အိမ်ထဲမှအိမ်ပြင်ထွက်ခြင်းများမပြုလုပ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များအလိုက် အမိန့် ညွှန်ကြားချက်များနှင့် နှိုးဆော်မှုများကို ပြုလုပ်ထားသည်။

S-09