News

POST TYPE

POPULAR POST

မွန်တွင် လူစုလူဝေးလုပ်သူကိုစတင်အရေးယူ
02-Apr-2020
မော်လမြိုင်  ၊ဧပြီ ၁

လူစုလူဝေးဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို စတင်တရားစွဲဆိုလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှု မရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ဥပေဒပုဒ္မ ၃ဝ (က) ဖြင့် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးက ဧပြီလ ၁ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

"မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ကျွန်တော်က ဒီဟာနဲ့ပက်သက်ပြီး ဥပဒေအရာရှိနဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်ဥပဒေနဲ့ ငြိလဲပေါ့။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပေဒ ပုဒ္မ ၃၀ (က) နဲ့ ငြိစွန်းမှု ရှိတဲ့အတွက် ဒါကို ၃၀ (က) နဲ့တရားစွဲဆိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်" ဟု ကျိုက်မရော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကပြောသည်။

ဘုရားထီးတော် ပင့်ဆောင်သည့်ကိစ္စကို ကျေးရွာခံအချို့တို့မှ မတ္လ ၂၉ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့မှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူ းမွ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ပွားစေရေးအတွက်မြို့နယ်ရုံးမှ လူစုလူဝေးဖြင့်ဆောင်ရွက်သည့်ကိစ္စများ မပြုလုပ်ရန် ညွှန်ကြားထားသည့်အတွက် လူစုလူဝေးဖြင့် ဆောင်ရွက်၍မရကြောင်း တားမြစ်ခဲ့သည်။

သို့သော်လည်း မတ္လ ၃၀ ရက်နေ့က ကြာအင်းချောင်းကျေးရွာနေဦးဇော်မင်း ကဦးဆောင်၍ ရွာသူ ရွာသား ၁၅၀ ဦးခန့်တို့သည် မော်တော်ယာဉ် ၁၈ စီးနှင့် ဆောင်းဘောက်စ်တင်ကား ၂ စီးဖြင့် ဘုရားထီးတော် ပင့်ဆောင်ရန် လူစုလူဝေး ပြုလုပ်ခဲ့သည်။

ဆောင်းဘောက်စ်တင်ကား ၂ စီးကိုလဲ ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှ ရပ်/ကျေး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ပြည်သူများအနေနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် အသိပေးချက်များကို တိက်စြာ လိုက်နာဆောင်ရွက်ရန် ၊ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြစ်သည့် ရာဇသတ်ကြီးဥပဒေ ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပေဒ ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ဖြင့် အရေးယူမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့က မတ္လ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်သည် ဧပြီလ ၃၀ ရက်နေ့ထိ အတည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပြောဆိုထားသည်။

Dawei Watch