News

POST TYPE

POPULAR POST

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လာရောက်နှုတ်ဆက်သည့်သားအမိနှစ်ဦးကို ငွေကျပ် သုံးသိန်း မုန့်ဖိုးပေး
23-Jan-2020

ဒေါ်အောင်ဆန်းစုကြည် မုန့်ဖိုးပေးခဲ့သည့် သားအမိနှစ်ဦးကို မြင်ရစဉ်
ဓာတ်ပုံ - မင်းနိုင်ငံ

ကလေး၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့သို့ ဇန်နဝါရီလ ၂၃ ရက်နေ့နံနက်ပိုင်းတွင် ရောက်ရှိလာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တမူးမြို့မှ ပြန်ထွက်ခွာရန်အတွက် ရဟတ်ယာဉ်ကွင်းသို့သွားရောက်စဉ် လာရောက်နှုတ်ဆက်သည့် သားအမိနှစ်ဦးကို မုန့်ဖိုးအဖြစ် ငွေကျပ် သုံးသိန်း ပေးအပ်ခဲ့ကြောင်း တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တမူးမြို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးနောက် တမူးမြို့ရှိ ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ပြည်သူလူထုနှင့်တွေ့ဆုံပွဲအပြီး ရဟတ်ယာဉ်ကွင်းသို့သွားရောက်ခဲ့ပြီး ကားပေါ်မှ ဆင်းလမ်းလျှောက်စဉ် လာရောက်နှုတ်ဆက်ခဲ့သည့် တမူးမြို့ စော်ဘွား (၅)(ခ)ရပ်ကွက်နေ ဒေါ်ချိုမော်တို့သားအမိနှစ်ဦးကို ငွေကျပ်သုံးသိန်း မုန့်ဖိုးပေးခဲ့ခြင်း ဖြစ်သည်။

"လေဆိပ်မှာ လာနှုတ်ဆက်တော့ နွမ်းပါးနေတဲ့ပုံမြင်လို့ လှူဒါန်းတဲ့သဘောပေါ့နော်"ဟု လွှတ်တော်ကိုယ်စာလှယ် ဦးမြင့်နိုင်ဦးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင် စစ်ကိုင်းတိုင်းအတွင်း ရောက်ရှိလာခဲ့ပြီး ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ပင်လည်ဘူးမြို့၊ ကလေးမြို့၊ဗန်းမောက်မြို့၊ တမူးမြို့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့နှင့် နန်းယွန်းမြို့များသို့သွားရောက်ခဲ့ပြီး ပင်လည်ဘူမြို့၊လေရှီးမြို့၊ နန်ယွန်းမြို့နှင့် တမူးမြို့ရှိ ပြည်သူများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

R-20