POST TYPE
POPULAR POST
လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲပြောဆိုရာမှ ဇနီးမောင်နှံနှစ်ဦး အပြန်အလှန်ဓားဖြင့်ထိုးသတ်
03-Dec-2019
တောင်ငူ၊ ဒီဇင်ဘာ ၃
ခင်ပွန်းက ဇနီးကို လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲပြောဆိုရာမှ စကားများရန်ဖြစ်ကြပြီး ဇနီးမောင်နှံနှစ်ဦး အပြန်အလှန် ဓားဖြင့်ထိုးသတ်မှု ဒီဇင်ဘာလ ၂ရက်၊ ညနေပိုင်းက ပဲခူးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ပဲခူးမြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ မင်းရဲကျော်စွာလမ်းနေ ကိုမင်းကျော်ခန့်(၂၆နှစ်)က ၎င်း၏ဇနီး မရီရီမွန်(၁၉နှစ်)ကို ယင်းသို့ ပြောဆိုရာမှ စကားများပြီး ကိုမင်းကျော်ခန့်က ဇနီးကို စတီးဓားဖြင့်စထိုးခဲ့ကြောင်း ပဲခူးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းသို့ ဓားဖြင့်ထိုးသောကြောင့် မရီရီမွန်က ဓားကိုလုယူကာ ခင်ပွန်းဖြစ်သူ ကိုမင်းကျော်ခန့်၏ ရင်အုံနှစ်ဖက်ကို ပြန်ထိုးရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ မရီရီမွန်ကိုမူ ပဲခူးဆေးရုံတွင် ပို့ဆောင်ကုသထားရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အမှုနှင့်ပတ်သက်၍ မရီရီမွန်ကို ပဲခူးမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
(R - 15)
- SOURCES
- The Voice
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021