News

POST TYPE

POPULAR POST

ရဲတပ်ဖွဲ့ထံ မူးယစ်ဆေးဝါးများ လာရောင်းသူ အဖမ်းခံရ
17-Nov-2019


ရန်ကုန်၊ နိုဝင်ဘာလ ၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက အသွင်ယူဖမ်းသည့် ရဲတပ်ဖွဲ့ထံ မူးယစ်ဆေးဝါးများ လာရောက်ရောင်းချသည့် အမျိုးသားတစ်ဦးထံမှ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းရရှိထားသူ တန်ဂျီး(၄၂)နှစ်ထံ  မူးယစ်ဆေးဝါး ဝယ်ယူလိုကြောင်း ရဲတပ်ဖွဲ့က အသွင်ယူ၍ ဆက်သွယ်ကမ်းလှမ်းခဲ့ရာ ၎င်းမှ ရောက်ရှိလာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မြဝတီမြို့ (၅)ရပ်ကွက်နေ လူမော်(၄၅) နှစ်၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ယင်းနေအိမ်ကို ဝင်ရောက်ရှာဖွေရာ လူမော်အား မတွေ့ရှိဘဲ လက်ဆွဲခြင်း နှစ်လုံးအတွင်းရှိ အလေးချိန် ၃၁ ကီလိုရှိသော အိုက်စ် မူးယစ်ဆေးဝါးများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး ဖြစ်စဉ်နှင့် ပတ်သက်ပြီး တန်ဂျီးနှင့် လူမော်တို့ကို မြဝတီမြို့မရဲခစန်းမှ မူးယစ်(ပ) ၁၆၈။၂၀၁၉၊ မူး။စိတ် ပုဒ်မ ၁၉(က)။၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

(S - 03)