News

POST TYPE

POPULAR POST

ခန့်စည်သူနဲ့ တွေ့ဆုံခြင်း
03-Nov-2019
“ကျွန်တော်က ငယ်ငယ်ကတည်းက တပ်ထဲမှာပဲ ကြီးခဲ့တယ်လို့ ပြောလို့ရမှာပေါ့နော်။ ကျွန်တော့်အဘိုးကလည်း တပ်မတော်အရာရှိပဲ”



သရုပ်ဆောင်ခန့်စည်သူနဲ့ တွေ့ဆုံခိုက် တစစ်တမက်ကိုယ်နှင့်သက်ကို ဇာတ်လမ်းတွဲအကြောင်း၊ စစ်သားတွေရဲ့ ဘဝအကြောင်းနဲ့ ကာရိုက်တာအတွက် ပြင်ဆင်ထားမှုတွေကို မေးမြန်းထားပါတယ်။

Voice : ၇၅ နှစ်ပြည့် တပ်မတော်စိန်ရတုအထိမ်းအမှတ်အတွက် ရိုက်ကူးမယ့် တစစ်တမက်ကိုယ်နှင့်သက်ကို ဇာတ်လမ်းတွဲအကြောင်း ပြောပြပေးပါဦး။
KST : ၇၅ နှစ်ပြည့် တပ်မတော်စိန်ရတုအတွက် ရိုက်ကူးမယ့်ကားလေးမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဒီထက်ပိုပြီး ပြောချင်တာကတော့ အစဉ်အလာကြီးမားခဲ့တဲ့ သမိုင်းကြောင်းကြီးမားခဲ့တဲ့ တပ်မတော်ရဲ့ ကျွန်တော်တို့ ပါဝင်ရမယ့် ၈၈ တုန်းက အနေအထားပေါ့နော်။ အဲဒီ အစိတ်အပိုင်းမှာ ပါဝင်ခွင့်ရလို့ ဂုဏ်ယူပါတယ်။ 

Voice : ဒီကားအတွက် ကြိုတင်ပြင်ဆင်မှုတွေ များတယ်လို့ သိရတယ်။ ဘာတွေ အဓိကပြင်ဆင်ရတာလဲ။ 
KST : အဓိကတော့ ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာက တပ်မတော်အရာရှိတစ်ဦးပြီးတော့ ဝိုင်းဝန်းပံ့ပိုးမှုကလည်း တပ်မတော်ကပဲ ပံ့ပိုးပေးမှုဆိုတော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ အားနည်းချက်တွေကို သူတို့ ထောက်ပြညွှန်ပြမှာပေါ့။ သူတို့ ညွှန်ပြတဲ့အတိုင်း ကျွန်တော်တို့ သရုပ်ဆောင်ရုံ ထရိန်နင်ဆင်းရုံပေါ့။

Voice : အရှေ့မှာ ရိုက်ဖူးတဲ့ စစ်ကားတွေနဲ့ ယှဉ်ရင် ဒီကားက ဘာတွေ ပိုထူးခြားသွားမယ်ထင်လဲ။ 
KST : ဒီကားကတော့ ပိုပြီးတော့ ထူးခြားလိမ့်မယ်ထင်တယ်။ ကျွန်တော့် ကာရိုက်တာအတွက် ဘော်ဒီဝိတ်တွေကိုချရမယ်။ ဇာတ်ကောင်စရိုက်တွေဝင်အောင် စစ်ပုံကျအောင်တော့ လုပ်ရမှာပါ။ 

Voice : စစ်ကားရိုက်ရတဲ့ခံစားချက်က ဘယ်လိုများဖြစ်နေလဲ။ ဖြစ်ရပ်မှန်လည်း ဖြစ်နေတော့လေ။ 
KST : အရင်တုန်းကလည်း ရိုက်ခဲ့ဖူးပါတယ်။ ဗိုလ်မှူးကြီးတင်သန်းဦးတို့၊ ဗိုလ်ကြီး သက်တင်တို့နဲ့ ရိုက်ခဲ့ဖူးတာရှိတယ်။ အခု ကိုတင်အောင်စိုးပေါ့နော်။ ခေတ်အဆက်ဆက်တော့ အများကြီးရိုက်ခဲ့ဖူးပါတယ်။ ကျွန်တော်ပါဝင်ရမယ့် အပိုင်းက ၈၈ မှာ မိုင်းယမ်းတိုက်ပွဲမှာ ဗကပနဲ့ တိုက်ခဲ့တဲ့ ဗိုလ်ကြီးတစ်ယောက်နေရာကပေါ့။ သူရဘွဲ့ရတဲ့ ဗိုလ်ကြီးတစ်ယောက်နေရာကပါ။ 

Voice : စစ်တပ်နဲ့လည်း မစိမ်းတော့ တပ်မတော်သားတွေရဲ့ဘဝကို ဘယ်လိုခံစားမိလဲ။
KST : ကျွန်တော်က ငယ်ငယ်ကတည်းက တပ်ထဲမှာပဲ ကြီးခဲ့တယ်လို့ ပြောလို့ရမှာပေါ့နော်။ ကျွန်တော့်အဘိုးကလည်း တပ်မတော်အရာရှိပဲ။ မော်ကွန်းဝင် ပထမအဆင့်ပေါ့။ ကျွန်တော်တို့ဦးလေးတွေကလည်း တပ်ထဲကပါပဲ။ စစ်သားတွေရဲ့ ဘဝရယ်၊ သူတို့ နောက်ကွယ်မှာရှိတဲ့ မိသားစုဘဝတွေက တကယ့်ကို တပ်ထဲမှာနေတဲ့အချိန်မှာ၊ နေတဲ့အချိန်ကို တကယ့်ကို စည်းစည်းလုံးလုံးနဲ့ မိသားစုကြီးပါပဲ။ 

ခင်ညိုညိုသိမ့်