News

POST TYPE

POPULAR POST

ပြည်သူ့စစ်ခေါင်းဆောင်ကို ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားသည့်ဟုဆိုကာ ၆၆ (ဃ) ဖြင့် အမှုဖွင့်
11-Oct-2019
ကျိုင်းတုံ၊ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင်ကို ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားသည်ဆိုသော အမျိုးသားကို ယနေ့ (အောက်တိုဘာ ၁၀ ရက်) မွန်းတည့် ၁၂ နာရီခန့်က ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးတွေကို မယားငယ်အဖြစ် ကျေးရွာတွေမှာ ထားထားတဲ့အပြင် အဲဒီရွာတွေမှာ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချနေတယ်ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားထားတယ်ဆိုပြီး တိုင်ကြားလို့ စုံစမ်းစစ်ဆေးနေပါတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပြည်သူ့စစ်ခေါင်းဆောင် ဦးလောတာ (၅၅ နှစ်) ၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် လူမှုကွန်ယက်ပေါ်၌ ရေးသားခဲ့သည့် ရဲကျော်ထွန်း Facebook Account ပိုင်ရှင်ကို (ပ) ၂၆/၂၀၁၉၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ-၆၆ (ဃ) ဖြင့် အရေးယူထားပြီး ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း မိုင်းဖြတ်မြို့မရဲစခန်းထံမှ သိရသည်။

ရန်နိုင်


  • VIA