News

POST TYPE

POPULAR POST

တွဲကားမှောက်ရာမှ လေးဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ
11-Oct-2019

ဓာတ်ပုံ - သန္တိသုခ

မိတ္ထီလာ၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာထိပ်တွင် တွဲကားတိမ်းမှောက်ပြီး ဆိုင်ကယ်နှစ်စီးပေါ်သို့ ပိကာ လူလေးဦးသေဆုံး၍ ငါးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ဓာတ်ပုံ - သန္တိသုခ


“သုံးယောက်က အရွယ်ကောင်းတွေ။ အသက် (၃၅)၊ (၄၀) လောက်တွေ။ အမျိုးသားနှစ်ယောက် အမျိုးသမီးတစ်ယောက် ကလေးတစ်ယောက်ပါ။ ဒဏ်ရာရတဲ့သူတွေမှာ နှစ်ယောက်ကို မိတ္ထီလာဆေးရုံကိုပို့တယ်။ တစ်ယောက်က မန္တလေးကိုပို့တယ်။ ကျန်တဲ့ နှစ်ယောက်က ဝမ်းတွင်းဆေးရုံမှာဟု ဝမ်းတွင်းမြို့ခံ သန္တိသုခ ပရဟိတလူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးမှတ်ကြီးက ပြောသည်။

အဆိုပါ ကားတိမ်းမှောက်ရာတွင် ကားပေါ်ရှိ လူသုံးဦးမှာလည်း ပိတ်မိနေသဖြင့် ဒေသခံများက ကြိုးစားကယ်ထုတ်ခဲ့ရသည်။






  • VIA