News

POST TYPE

POPULAR POST

ပဲခူးတွင် သုံးဘီးခရီးသည်တင်ယာဉ် ပြေးဆွဲခွင့် ရပ်ဆိုင်းရန် မရှိကြောင်း ဝန်ကြီးတုံ့ပြန်
10-Oct-2019



တောင်ငူ၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြေးဆွဲနေသည့် သုံးဘီးခရီးသည်တင်ယာဉ်များကို ပြေးဆွဲခွင့်ရပ်ဆိုင်း၍ မရနိုင်ကြောင်း လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းဝင်းက ပြောကြားသည်။

ပဲခူးမြို့ခံသုံးဘီးယာဉ် ခုနှစ်ဆယ်ကျော်ခန့်သည် အောက်တိုဘာလ ၈ ရက်နေ့က မီနီအိုးဝေယာဉ်လိုင်းများ ပြေးဆွဲခွင့် မပြုရန်ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး သုံးဘီးယာဉ်ပိုင်ရှင်များကို ယနေ့(အောက်တိုဘာ ၁၀ ရက်) ပဲခူးတိုင်း လမ်းဦးစီးဌာနတွင် ခေါ်ယူတွေ့ဆုံရှင်းလင်းစဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တစ်ကယ်ဆို မီနီအိုး‌ဝေယာဉ်လိုင်းလည်း မဟုတ်ပါဘူး။ လူစီးဖို့လုပ်ထားတဲ့ သုံးဘီးယာဉ်တွေဖြစ်ပြီး ကညနမှာလည်း လူတင်ဖို့တရားဝင်ခွင့်ပြုထားရတာတွေပါ။ သူတို့ကို ကျွန်တော်တို့က ပြေးဆွဲခွင့်ပိတ်လို့မရပါဘူး။ ပြောမယ်ဆို သုံးဘီးယာဉ်တွေက ကုန်တင်ဖို့သပ်သပ်ပါ”ဟု ဝန်ကြီးက ဆိုသည်။

ပဲခူးမြို့နယ် အတွင်းတွင် ရပ်တင်ချစနစ် ‌ပြေးဆွဲနေကြရသော သုံးဘီးယာဉ်နှင့် ခွေးဘီးလူးယာဉ် စုစုပေါင်း ၆၀၀ ကျော်ခန့်ရှိနေပြီး မှီခိုနေသည့် မိသားစုဝင် ၃၀၀၀ ကျော်တို့၏ စားဝတ်နေရေးအတွက် ‌မီနီအိုးဝေမော်တော်ယာဉ်များကို ပြေးဆွဲခွင့်မပေးစေလိုကြောင်း ဆန္ဒဖော်ထုတ်မှု ဦးဆောင်သူ ဦးအောင်စည်သူက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“မီနီအိုးဝေက ကိုယ်ပိုင်ယာဉ်အနေနဲ့ပြေးဆွဲရင် လမ်းကြိုလမ်းကြားကအစ သူတို့ ဝင်ပြီး ခရီးသည်ရှာရင် လမ်းကြောင်းနဲ့ ပြေးဆွဲရတဲ့ ကျွန်တော်တို့ ငတ်ပြီ။”ဟု ဆန္ဒဖော်ထုတ်မှု ဦးဆောင်သူ ဦးအောင်စည်သူက ပြောကြားသည်

မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (မ-ထ-သ) ကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (ယ-က-က) ဟု ပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဟု အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

R-15