News

POST TYPE

POPULAR POST

အစွန်းရောက်တစ်ဦးက အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီးကို ဓားဖြင့်ထိုး
10-Oct-2019



ဂျာကာတာ၊ အောက်တိုဘာ ၁၀

အစွန်းရောက်ဟု ယူဆရသူတစ်ဦးက အင်ဒိုနီးရှား၏ လုံခြုံရေးဝန်ကြီး မစ္စတာဝီရမ်တိုကို ဂျာဗားကျွန်း မြို့တစ်မြို့၌ ဓားနဲ့ထိုး တိုက်ခိုက်သွားခဲ့ကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဓားကိုင်တိုက်ခိုက်သူကြောင့် ဝန်ကြီးနှင့် အခြားသုံးဦး ဒဏ်ရာရရှိသွားကြောင်း သတင်းများက ဖြော်ပထားသည်။

ဘန်တန်ပြည်နယ် ပန်ဒီဂလန်းတွင် ဝန်ကြီးသည် ၄င်း၏ ကားနံဘေးသို့ လဲကျသွားသည့် ဗီဒီယိုများ ထွက်ပေါ်လာခဲ့သည်။

လုံခြုံရေး အရာရှိများက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို မြေပြင်ပေါ်သို့ လဲကျသွားသည်အထိ လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့သည်။

“ဝန်ကြီးနားကို လူတစ်ယောက်က ကပ်လာပြီး တိုက်ခိုက်သွားခဲ့ပါတယ်”ဟု ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိ ဒီဒီပရာဆက်ယိုက ပြောကြားသည်။

အမျိုးသားဟာ အစွန်းရောက် IS များနှင့် ဆက်စပ်သူဟု ယူဆထားပြီး အမျိုးသမီးကိုမူ ဆက်လက် စစ်ဆေးနေဆဲဟု ရဲတပ်ဖွဲ့ ပြောခွင့်ရအရာရှိက ဆိုသည်။

ဝန်ကြီးဝီရန်တိုသည် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ဝမ်းဗိုက်တွင် ဒဏ်ရာ နှစ်ချက်ရရှိသွားခဲ့သည်။ သို့သော် သတိမလစ်ခဲ့ဘဲ အခြေအနေ စိတ်ချရကြောင်း ဆေးရုံပြောခွင့်ရ အရာရှိဖာမန်ရှားက ပြောကြားသည်။

ယခုအခါ ဝန်ကြီးကို ရဟတ်ယာသ်ဖြင့် ဂျာကာတာသို့ သယ်ဆောင်သွားပြီး ဆေးကုသပေးလျက်ရှိသည်။

နောက်ထပ် ထိခိုက်ဒဏ်ရာရသူများမှာ ဒေသအဆင့် ရဲချုပ်နှင့် အခြားအဆင့် အရာရှိများဖြစ်ပြီး အသတ်အန္တရာယ် စိုးရိမ်ရခြင်းတော့ မရှိပေ။

အသက် ၇၂ နှစ်အရွယ် ဝန်ကြီးဝီရမ်တို့သည် တက္ကသိုလ်အဆောက်အအုံတစ်ခု ဖွင့်လှစ်ပေးရန် ရောက်ရှိလာပြီး တန်းစီနေသော ဒေသခံများနှင့် လက်ဆွဲနူတ်ဆက်ရန် ပြင်ဆင်နေစဉ် ဓားဖြင့်ထိုးခံရခြင်းဖြစ်သည်။ 

F-02