News

POST TYPE

POPULAR POST

ဂုတ်တွင်းရဲကင်းစခန်းမှ တပ်ကြပ်ကြီးထွန်းနိုင်ဦးနှင့် တွေ့ဆုံခြင်း
16-Aug-2019


“သတင်းရရှိမှု အားနည်းခဲ့လို့ ဖြစ်တာ။ကျဆုံးသွားတဲ့သူတွေအတွက် စိတ်လည်း မကောင်းပါဘူး”

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် မန္တလေး-လားရှိုးကားလမ်း၊ ဂုတ်တွင်းရှိ ရဲကင်းစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့က လက်နက်ကိုင်တပ်ဖွဲ့အင်အား၂၀၀ ကျော်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် ဂုတ်တွင်းလုံခြုံရေးတာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင်ပါဝင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ တပ်ကြပ်ကြီး ထွန်းနိုင်ဦးနှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဘယ်လို စဖြစ်ပွားတာလဲဆိုတာ ပြောပြပါဦးဗျ။
TNO : ကင်းစောင့်နေတယ်။ တပ်က ကင်းလည်း ရှိတယ်။ ကင်းစောင့်နေတဲ့အချိန် ကားလမ်းက ရုတ်တရက် ပိတ်သွားတယ်။ ကားရှင်းဖို့လုပ်တော့ ဆရာကြီးက မသွားနဲ့ဦးတဲ့။ ဓာတ်မီးနဲ့ လှမ်းပတ်ကြည့်တော့ သူတို့အဖွဲ့တွေ မြင်သွားတယ်။ သူတို့က အင်အားများတယ်။ ကျွန်တော်တို့ မြင်သွားတော့ သူတို့က စပစ်တယ်။ တပ်ကလည်းပစ်၊ ကျွန်တော်တို့လည်း ပြန်ပစ်တယ်။၂ နာရီလောက်တော့ တောင့်ခံနိုင်သေးတယ်။ နောက်ပိုင်းကျ မရတော့ဘူး။ တပ်ကလည်း ကျွန်တော်တို့လည်း ဆုတ်ရတော့တာ။

Voice : တိုက်ပွဲဖြစ်ပွားချိန်မှာ ဆရာတို့ဘက်က အင်အားဘယ်လောက်ရှိလဲ။
TNO : သူတို့အင်အားက၂၀၀ လောက်ရှိတယ်။ ကျွန်တော်တို့က ရဲအင်အား ၆ ယောက်၊ တပ်အင်အား ၇ ယောက်ပဲ ရှိတယ်။

Voice : တိုက်ပွဲမှာ ဘယ်နှယောက် ကျဆုံးခဲ့တယ်လို့ ပြောနိုင်မလဲဗျ။
TNO : တပ်က ဗိုလ်ကြီးတစ်ယောက် အပါအဝင် ၇ ယောက်ကျတယ်။ ကျွန်တော် တို့ဆီက ဗိုလ်တစ်ယောက်၊ အခြား ၂ ယောက်၊ ပေါင်း ၃ ယောက်ကျတယ်။

Voice : ဖြစ်ပွားချိန်က ဘယ်လောက်ကြာလဲ။
TNO : မနက် ၅ နာရီလောက်ကနေ ၉ နာရီလောက်အထိ ၄ နာရီလောက် ကြာတယ်။

Voice : အခုလိုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဘာဖြည့်ပြောချင်လဲ။
TNO : သတင်းရရှိမှု အားနည်းခဲ့လို့ ဖြစ်တာ။ ကျဆုံးသွားတဲ့သူတွေအတွက် စိတ်လည်းမကောင်းပါဘူး။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ 

မောင်ရဲနွေ



  • VIA