News

POST TYPE

POPULAR POST

အိုစမာဘင်လာဒင်၏ သားဖြစ်သူနှင့် အရိုက်အရာဆက်ခံမည်သူ ဟမ်ဇာဘင်လာဒင် သေဆုံးပြီ
01-Aug-2019


ရီယဒ်၊ သြဂုတ် ၁

တစ်ကမ္ဘာလုံး ဖိန့်ဖိန့်တုန်ခဲ့ရသည့် အကြမ်းဖက်စစ်သွေးကြွကြီး အိုစမာဘင်လာဒင်၏ အရိုက်အရာကို ခံယူမည့် သားဖြစ်သူ ဟမ်ဇာဘင်လာဒင် သေဆုံးပြီဟု အမေရိကန်အစိုးရာ အရာရှိများက အတည်ပြုပေးထားသည်။

ဟမ်ဇာဘင်လာဒင် ဘယ်နေရာရောက်နေသည်ကို သတင်းပေးနိုင်ပါက ဒေါ်လာတစ်သန်း ဆုချမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။

ဟမ်ဇာဘင်လာဒင် မည်သည့်နေရာ မည်သည့်အချိန်တွင် သေဆုံးခဲ့ခြင်း၊ အမေရိကန်၏ ပယောဂ ပါမပါကို အရာရှိများက အသေးစိတ် မပြောကြားခဲ့ပေ။

ဟမ်ဇာဘင်လာဒင် သေဆုံးရခြင်း ထောက်လှမ်းရေးသတင်းကို ရရှိထားပါသလား သတင်းထောက်များက မေးမြန်းခြင်းကို သမ္မတဒေါ်နယ်ထရမ့်က ဒီကိစ္စကို မှတ်ချက်မပေးချင်ပါဘူးဟု ပြောခဲ့ဖူးသည်။

ဟမ်ဇာဘင်လာဒင်သည် ၂၀၁၈ တုန်းက တစ်ကြိမ် မျက်နှာပြခဲ့ပြီး အယ်ကေဒါမီဒီယာတွင် ၎င်းပေါ်ထွက်ခဲ့စဉ်က ဆော်ဒီအာရေးဗီးယားကို ခြိမ်းခြောက်ခဲ့ကာ အာရေးဗီးယားကျွန်းဆွယ်သားများ အနေဖြင့် တော်လှန်ရေးတစ်ရပ် ဆင်နွှဲသင့်သည်ဟု တိုက်တွန်းထားသည်။

ဟမ်ဇာဘင်လာဒင်သည် ၁၉၈၉ ပတ်ဝန်းကျင်တွင် မွေးဖွားခဲ့ခြင်းဖြစ်ကာ စီနီယာဘင်လာဒင်၏ ဗီဒီယိုများတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။ 

F-02


  • VIA