News

POST TYPE

POPULAR POST

မူကြိုကျောင်းသူ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှု မိခင်က အမှုဖွင့်၊ ကျောင်း၌ ဖြစ်ခြင်းမဟုတ်ဟု Wisdom hill ကျောင်းတာဝန်ရှိသူများ ငြင်းဆို
02-Jun-2019


နေပြည်တော်၊ ဇွန် ၂

နေပြည်တော်ရှိ ပုဂ္ဂလိကစာသင်ကျောင်းဖြစ်သည့် Wisdom Hill ကိုယ်ပိုင်ကျောင်း၏ ၂ နှစ်ကျော်အရွယ် မူကြိုတွင် တက်ရောက်နေသော ၂ နှစ်ကျော် အရွယ်ကျောင်းသူ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုအတွက် ဇမ္ဗူသီရိမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်ပြီဖြစ်သည်။

မေလ ၁၆ ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့မှုကို မိဘများက သိရှိပြီးနောက် မေ ၁၇ ရက်နံနက်ပိုင်းတွင် ကျောင်းသို့လာရောက် အသိပေးခဲ့ပြီးနောက် နေပြည်တော် ခုတင် ( ၁၀၀၀) တစ်ထောင် ဆေးရုံသို့ ပြသစစ်ဆေးပြီးနောက်တွင် ဇမ္မူသီရိမြို့နယ် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ (ပ) ၇၉ /၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ အရ အမှုဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“စစ်ဆေးဆဲပဲ ရှိပါတယ်၊ ထွေထွေထူထူး ပြောစရာမရှိသေးပါဘူး”ဟု ဇမ္မူသီရိမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးလှထွန်းက ဆိုသည်။

လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်နေသော မူကြိုကျောင်းသူ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု ကျောင်း၌ ဖြစ်ပွားခဲ့ခြင်း မဟုတ်ဟု Wisdom Hill တာဝန်သူများ ငြင်းဆိုလျက်ရှိကြသည်။

နေပြည်တော်ရှိ မန္တလေးပါရာဒိုက် စားသောက်ဆိုင်အပေါ်ထပ်ခမ်းမတွင် ယမန့်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ ကျောင်းအုပ် ဒေါ်ခိုင်သဇင်က “ကျောင်းမှာ ဖြစ်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူးလို့ အာမခံပါတယ်”ဟု ဆိုသည်။




  • VIA