News

POST TYPE

POPULAR POST

မန်ယူကစားသမားများ ထိန်းမနိုင်သိမ်းမရ ဒေါသပေါက်ကွဲ၊ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုး အပြစ်တင်ကြ
23-Apr-2019
football


မန်ချက်စတာ၊ ဧပြီ ၂၃

အဲဗာတန်က မန်ယူကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူကစားသမားများသည် အဝတ်လဲခန်းအတွင်း၌ ထိန်းမနိုင် သိမ်းမရ ဒေါသပေါက်ကွဲခဲ့ကြကာ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုး အပြစ်တင်မှုများပင် ရှိခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူနည်းပြ ဆိုးလ်ရှားသည် အဲဗာတန်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်းကစားသမားများကို တစ်နာရီခွဲကျော်ကြာ ဆူပူကြိမ်းမောင်းခဲ့ပြီး ကြုံဆုံခဲ့ရသော ရလဒ်ဆိုးအတွက် အသင်းပရိသတ်များကို ကစားသမားများဘက်က ကိုယ်တိုင်ကိုယ်ကျ ဝန်ချတောင်းပန်ကြရန် ညွှန်ကြားလိုက်ချိန်တွင် မန်ယူကစားသမားများက တစ်ဦးကိုတစ်ဦး အပြစ်ရှာခဲ့ကြခြင်းဖြစ်သည်။

မန်ယူကစားသမားများသည် အဲဗာတန်ကို အရှုံးတကွဲ ရှုံးရသည်မှာ “သူ့အမှားကြောင့်ဖြစ်သည်၊ ငါ့အမှားကြောင့်ဖြစ်သည်”ဟု အော်ကြီးဟစ်ကျယ် အပြစ်တင်ခဲ့ကြပြီး အချို့သောကစားသမားများက ပွဲမှတ်တမ်းကို ပြန်လည်ကြည့်ရှုစစ်ဆေးမည်ဆိုပါက ၎င်းတို့မှာ အမှားအယွင်းကင်းရှင်းစွာ ကစားနိုင်ခဲ့သည်ကို တွေ့ရလိမ့်မည်ဖြစ်၍ မတောင်းပန်နိုင်ဟုပင် ကလန်ကဆန်ပြုမှုများရှိခဲ့ကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်နေသည်။

နည်းပြ ဆိုးလ်ရှားသည် လက်ရှိတွင် အသင်းတွင်း အစည်းအဝေးပွဲများ ဆက်တိုက်ကျင်းပကာ ကြုံဆုံနေရသော အခြေအနေဆိုးများကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းနိုင်ရန် အားထုတ်လျက်ရှိပြီး ပေါ့ဂ်ဘာနှင့် မာတစ်တို့ကမူ ဆိုးလ်ရှား၏ပြောစကားကို လိုက်နာ၍ အသင်းပရိသတ်များကို အဲဗာတန်နှင့်ရှုံးပွဲအတွက် တောင်းပန်စကားပြောကြားလိုက်ကြပြီဖြစ်သည်။




  • VIA