News

POST TYPE

POPULAR POST

သားက ဖခင်ကို ဓားမြှောင်ဖြင့် ထိုးသတ်
13-Apr-2019

ချောက်၊ ဧပြီ ၁၃

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုလင်းကြီးအုပ်စု သီးပင်ကျေးရွာတွင် ဧပြီလ ၁၂ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က သားအဖနှစ်ဦး စကားများရန်ဖြစ်ရာမှ သားဖြစ်သူက ဖခင်အား ဓားမြှောင်ဖြင့် နှစ်ချက်ထိုး၍ ဖခင်ဖြစ်သူ နေရာတွင် သေဆုံးကြောင်း မြို့သစ် မြို့မရဲစခန်းထံမှ သိရသည်။

သေဆုံးသူ ဖခင် ဦးဌေးမောင်တွင် ဝဲဘက်ရင်အုံပေါ်တွင် တစ်လက်မ ထိုးသွင်းဒဏ်ရာနှင့် ဝဲရင်အုံအောက် တစ်လက်မခန့် ထိုးသွင်းဒဏ်ရာတစ်ချက် စုစုပေါင်း ဓားမြှောင်ဖြင့် နှစ်ချက်ထိုးသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့ကြောင့် ဓားမြှောင်ဖြင့်ထိုးသတ်ခဲ့သူ ချစ်စန်းအောင် (ခ) ချစ်စန်းမောင် ၁၅ နှစ်အား မြို့သစ်မြို့မရဲစခန်း (ပ) ၂၀၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-24