News

POST TYPE

POPULAR POST

မတ်ပဲ တစ်တင်း ကျပ်တစ်ထောင် ဈေးတက်
25-Sep-2018
ဟင်္သာတ၊ စက်တင်ဘာ ၂၄

မတ်ပဲဈေးမှာ ဟင်္သာတကုန်စည်ဒိုင် ဈေးကွက်၌ သီတင်းတစ်ပတ်အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်တစ်ထောင်ခန့် ဈေးမြင့်တက်ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။ 

စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ၌ မတ်ပဲတစ်တင်းလျှင် တစ်သောင်းခြောက်ထောင့်ကိုးရာကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းအထိ မတ်ပဲတစ်တင်းလျှင် တစ်သောင်းရှစ်ထောင့်တစ်ရာကျပ်အထိ ဈေးမြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ 

အိန္ဒိယအနေနှင့် မတ်ပဲတန်ချိန် များများဝယ်ယူပါက ဈေးမြင့်တက်မည်ကို စိုးရိမ်စိတ်ကြောင့် နည်းနည်းချင်း ဝယ်ယူနေသည်ဟု ယူဆရပြီး တရုတ်က မတ်ပဲဝယ်ယူရာတွင်လည်း တိရစ္ဆာန်အစာအတွက် ဝယ်ယူခြင်းဖြစ်သောကြောင့် အရည်အသွေးကောင်းမွန်သည့် မတ်ပဲများကို ဝယ်ယူမည်မဟုတ်ကြောင်း၊ အိန္ဒိယနှင့် အခြားနိုင်ငံအချို့ကိုသာ အရောင်းအားထားရမည်ဖြစ်ကြောင်း ဝါရင့်ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

ဟင်္သာတကုန်စည်ဒိုင်၌ မတ်ပဲအိတ်ရေ ငါးထောင်ခန့်အရောင်းအဝယ်နေ့စဉ်ရှိပြီး အရောင်းမရှိသည့် နေ့လည်းရှိကြောင်း၊ လတ်တလောလိုအပ်ချက်အရ ဈေးကွက်မြင့်လာကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပြောကြားသည်။ 

R-13