POST TYPE

POPULAR POST

အီရန်ဘက်က မိုးတိမ်တွေ အစ္စရေးခိုးသွားတယ်လို့ အီရန်ဗိုလ်ချုပ်ကြီးစွပ်စွဲ
04-Jul-2018


အီရန်နိုင်ငံဘက်မှာ မိုးတွေမရွာဘဲ မိုးခေါင်အောင်လို့ အစ္စရေးဟာ အီရန်ဘက်က တိမ်တွေကိုယူသွားပြီး ရာသီဥတုကို လိုသလို လုပ်ခဲ့တယ်လို့ အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။ အီရန်အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ်ကြီး ဂိုလန်ရီဇာဂျာလာလီက တိုင်းပြည်က တိမ်တွေ အခိုးခံရပါပြီဆိုပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့စွပ်စွဲစကားဟာ အီရန်နိုင်ငံဆိုင်ရာ မိုးလေဝသ ဇလဗေဒ အကြီးအကဲရဲ့အမြင်နဲ့တော့ ကွာခြားနေပါတယ်။ အီရန်က ရာသီဥတု ပြောင်းလဲခြင်းဟာ သံသယဖြစ်စရာပဲလို့ သူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲရာမှာ နိုင်ငံခြားက ပါဝင်စွက်ဖက်မှုတွေ ရှိနေပြီလို့ ဗိုလ်မှူးချုပ်က ပြောကြားခြင်းဖြစ်ပါတယ်။ အီရန်ဘက်ကိုဝင်လာတဲ့ မိုးတိမ်တွေကို မိုးမရွာသွားအောင် အစ္စရေးဘက်က တစ်ခုခု လုပ်နေလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီးက ခန့်မှန်းခဲ့ပါတယ်။

F-02