News

POST TYPE

POPULAR POST

မြန်မာနိုင်ငံသား ၂၃ ဦး ပတ်စ်ပို့လုပ်ပြီးအပြန် ထိုင်းစစ်ဆေးရေးဂိတ်တွင် အဖမ်းခံရ
21-Jul-2017
ကော့သောင်း၊ ဇူလိုင် ၂၁

ထားဝယ်မြို့တွင် ပတ်စ်ပို့လာလုပ်ပြီး ထိုင်းနိုင်ငံကို ပြန်သွားသည့် မြန်မာနိုင်ငံသား ၂၃ ဦးကို စစ်ဆေးရေးဂိတ်က ဇူလိုင်လ ၁၈ ရက်က ဖမ်းဆီးလိုက်ကြောင်း ဖူးကစ်မြို့ ရွှေ့ပြောင်းအလုပ်သမားများကွန်ရက် (MNP) ထံမှ သိရသည်။

ထားဝယ်မှ ထိုင်းပြန်သွားသည့် မြန်မာနိုင်ငံသား ၂၇ ဦးအနက် ဗီဇာသက်တမ်း ကျန်ရှိနေသူ ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၂၃ ဦးကို ပတ်စ်ပို့ အတုပြုလုပ်သည်ဆိုကာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖက်ဘူရီခရိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း MNP အဖွဲ့ထံမှ သိရသည်။

“ထားဝယ်ကနေ ပတ်စ်ပို့လုပ်ပေးတဲ့သူကိုတော့ အတိအကျ မသိရသေးဘူး၊ အတုလား အစစ်လားဆိုတာ သိရအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ အကူအညီတောင်းပြီး စုံစမ်းမှာပါ” ဟု MNP အဖွဲ့ ဥက္ကဋ္ဌ ဦးတက ဆိုသည်။

ဖမ်းဆီးခံထားရသည့် နိုင်ငံသားများသည် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကစ်မြို့တွင် နေထိုင်သူများဖြစ်ပြီး ပန်းရောင်ဘတ် (ထိုင်းအစိုးရက ထုတ်ပေးထားသည့် ယာယီနေထိုင်ခွင့်လက်မှတ်) ကိုင်ဆောင်ထားသူများ ဖြစ်သည်။

Dawei Watch