News

POST TYPE

POPULAR POST

ရန်ကုန် ရေကြီးရေလျှံမှုအတွက် ဒေါ်လာသန်း ၁၀၀ သုံးမည်ဟု ရန်ကုန်ဝန်ကြီးချုပ်ဆို
21-Jul-2017
ရန်ကုန်၊ ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး ရေကြီးရေလျှံမှုများ ဖြေရှင်းရန်အတွက် ကမ္ဘာ့ဘဏ်၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

လက်ရှိအချိန်တွင် ရေကြီးရေလျှံမှု များကို ဖြေရှင်းရန်အတွက် လေ့လာဆန်းစစ်မှုများ စတင်လုပ်ဆောင်လျက်ရှိပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်မှု မရှိခြင်းကြောင့်လည်း ရေကြီးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ရေတွေကို စက်တွေနဲ့ မောင်းထုတ်မှ ရနိုင်မယ့် အခြေအနေ ရှိပါတယ်။ အလိုလို စီးထွက်မယ့် အနေအထား မရှိပါဘူး။ မြောင်းတွေရဲ့ ရေတွေအားလုံးဟာ စီးကျလာတဲ့ ရေတွေကို စုပ်ထုတ်နိုင်တဲ့ အခြေအနေမရှိတဲ့အပြင် အမှိုက်ကို စနစ်တကျ စွန့်ပစ်မှု မရှိခြင်းကလည်း အကြောင်းအရင်းတစ်ခုအဖြစ် ပါရှိနေပါတယ်” ဟု ၎င်းက ရှင်းပြပြောဆိုသည်။ 

ရန်ကုန်မြို့အတွင်း နေထိုင်သည့် လူဦးရေသည် ငါးသန်းခန့်အထိ တိုးပွားလာခြင်း၊ မိုးရေချိန် များပြားလာခြင်းနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်မှု မရှိခြင်းတို့သည် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းတို့၏ အကြောင်းအရာများဖြစ်ပြီး ရေကြီးရေလျှံမှုကို ထိန်းချုပ်ရန်အတွက် ရေနုတ်မြောင်းများနှင့် လူသွားစြင်္ကံန်များကို ပြုပြင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။ 

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ရန်ကုန်မြို့ ရေကြီးရေလျှံမှုများကို ထိန်းချုပ်ရန် ကျပ်ငွေ ၁၀ ဘီလီယံခန့် အသုံးပြုခဲ့ပြီး ရေကြီးရေလျှံမှု ဖြစ်စဉ်များကို ကာကွယ်ရန်အတွက် တိုင်းအစိုးရအနေနှင့် ဘတ်ဂျက်များ ပိုမိုရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ရန်ကုန်တိုင်းဒေသကြီး၏ အခွန်ငွေကောက်ခံရရှိမှုသည် ကျပ်ငွေ ၂၀၀ ဘီလီယံခန့် တိုးမြင့်ရရှိခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။ 

J-11