News

POST TYPE

POPULAR POST

ဆော်ဒီနိုင်ငံတွင် မီနီစကတ်ဖြင့် ဆိုရှယ်မီဒီယာသို့ ဗီဒီယိုပုံတင်သည့် အမျိုးသမီးကို အရေးယူ
21-Jul-2017
နိုင်ငံက တားမြစ်ပိတ်ပင်ထားသည့် အမျိုးသမီးများ မီနီစကတ်တို ဝတ်ဆင်ခြင်းကို ဖောက်ဖျက်ပြီး ှ Snapchat ပေါ်တွင် မီနီစကတ်ဖြင့် လျှောက်သွားနေသော ဗီဒီယိုကို တင်သည့် အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ 

အစ္စလာမ်နိုင်ငံတွင် အမျိုးသမီးများကို ခေတ်ပေါ်အဝတ်အစားများဝတ်ဆင်ကာ အပြင်ထွက်ခြင်းအား တားမြစ်ထားမှုကို ဖောက်ဖျက်သည့် အမျိုးသမီးအား အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံနှင့် ရဲတပ်ဖွဲ့၏ Twitter စာမျက်နှာများက ဆိုသည်။

ဆော်ဒီ၏ သမိုင်းဝင် အဆောက်အအုံများကြားထဲတွင် မီနီစကတ်ကို ဝတ်ဆင်ထားသည့် ဗီဒီယိုမှာ မည်သည့်ရည်ရွယ်ချက်ဖြင့် ရိုက်ပြသည်ကိုလည်း မသိရကြောင်း၊ ရိုက်ကူးပြစဉ် ဝန်းကျင်တွင် မည်သူမျှ မရှိသလို၊ မည်သည့်နေရာတွင် ရိုက်ကူးထားကြောင်း အစိုးရက ထုတ်ဖော်ထားခြင်းလည်း မရှိပေ။