News

POST TYPE

POPULAR POST

ရန်ကင်းကလေးဆေးရုံကြီးတွင် Green Environment နည်းပညာသုံး Wallpaper နှင့် Sticker များ အလှဆင် လှူဒါန်း
21-Jul-2017
ရန်ကင်းကလေးဆေရုံကြီးတွင် Green Environment နည်းပညာသုံး HP Latex Ink ဖြင့် ရိုက်နှိပ်ထားသည့် Wallpaper နှင့် Sticker များအား Xenon Company Limited မှ ပထမဆုံး အလှဆင် လှူဒါန်းသည့် အခမ်းအနားကို ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၁၀ နာရီတွင် ယင်းဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။

ရန်ကင်းကလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြသည့် ကလေးငယ်များ စိတ်ပျော်ရွှင်ကြည်နူးမှုများ ဖြစ်ပေါ်လာစေရန်နှင့် Kids Friendly Enviroment ဟူသည့်အတိုင်း ကလေးငယ်များ စိတ်ပျော်ရွှင်ချမ်းမြေ့စရာ ပတ်ဝန်းကျင်တစ်ခု ရရှိလာစေရန် ဆေးရုံ၏ CT Scan Room နှင့် စြင်္ကန်လျှောက်လမ်းတချို့တွင် ယခုကဲ့သို့ အလှဆင် လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

J-12 
ဓာတ်ပုံ - Thida Swe