News

POST TYPE

POLITICAL

ဖြူးအုပ်ချုပ်ရေးမှူးကိုမပြောင်းရန် မြို့ခံများဆန္ဒပြ
14-Sep-2018



တောင်ငူ၊ စက်တင်ဘာ ၁၄

ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးကို ပြောင်းရွှေ့ခြင်းမပြုရန်နှင့် ၎င်း၏ မြို့ဖွံ့ဖြိုးရေးလုပ်ရပ်များကို ထောက်ခံကြောင်း မြို့ခံ ၃၀၀ ခန့်က ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဗိုလ်ချုပ်ကြေးရုပ်အနီး ဆန္ဒပြခဲ့ကြသည်။

 ဖြူးအုပ်ချုပ်ရေးမှူးကို ထောက်ခံသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အဓိကပြောရရင် ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူးကို အတိုင်အတောတွေများနေတာကို သဘောမကျလို့ ခုလိုထောက်ခံဆန္ဒပြတာပါ”ဟု ပြောဆိုသည်။

ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူးသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က စတင်ပြောင်းရွှေ့လာခြင်းဖြစ်ပြီး လူမှုရေး၊ ဘာသာရေးနှင့် မြို့ဖွံ့ဖြိုးရေး အားကြိုးမာန်တက်လုပ်ဆောင်သဖြင့် ပြောင်းရွှေ့စေလိုခြင်းမရှိကြောင်း မြို့ခံများက ပြောဆိုကြသည်။

R-15