News

POST SECTION

PHOTO-ESSAYS

02-Apr-2018
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ၂၀၁၁ ခုနှစ်ဝန်းကျင်မှစတင်၍ ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော KIA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသူများမှာ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည်မှာ ၆ နှစ်ကျော်ကာလအထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်ဒေသရှိ St.joseph's စစ်ဘေးရှောင်စခန်း၊ ဇိအွန် စစ်ဘေးရှောင်စခန်းနှင့် မိုင်းနား KBC စစ်ဘေးရှောင်စခန်းများရှိ ကလေးငယ်များအတွက် ပညာသင်ကြားမှု၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော စစ်ဘေးရှောင်တို့ လှုပ်ရှားမှု ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံ- အောင်ဖြိုး
02-Apr-2018
ပန်းမြို့တော်ဟု အမည်တွင်သည့် ပြင်ဦးလွင်မြို့မှာ နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလတွင် ပန်းပွဲတော် ကျင်းပလာသည်မှာ ၁၂ ကြိမ်မြောက်သို့ ယခုနှစ်တွင် ရောက်ရှိသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
02-Apr-2018
ကရင်ပြည်နယ်မြောက်ဖျားပိုင်းက သံတောင်ကြီး အပန်းဖြေစခန်းမှာရှိတဲ့ နော်ဘူဘောဆုတောင်းတောင်ကို အလည်အပတ် လာရောက်ကြသူတိုင်း တောင်ငူကို ဝင်ရောက်ကြရပါတယ်။
02-Apr-2018
တိမ်တွေရဲ့အထက်က တောင်တန်းတွေကြားမှာ ပွင့်အာနေတဲ့ တောင်ဇလပ်ပန်း နီနီရဲရဲတို့ကို မနက်စောစောမှာ ကြည့်ဖူးကြပြီလား။
25-Mar-2018
ဆောင်းတွင်းကာလမှာ ရေခဲဖုံးလွှမ်းတဲ့ ကချင်ပြည်နယ်က ပန်ဝါမြို့ဟာ မြစ်ကြီးနားက ၁၂၁ မိုင်၊ ချီဖွေမှ ၃၈ မိုင်ခန့် ကွာဝေးပါတယ်။ ယင်းမြို့နှစ်မြို့မှာ လော်ဝေါ်လူမျိုး၊ လာချိတ်လူမျိုးနဲ့ လီဆူတိုင်းရင်းသားတို့ နေထိုင်ကြပါတယ်။
25-Mar-2018
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဒေသခံတွေရဲ့ ရိုးရာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတဲ့ မီးပုံးပျံပွဲဟာ မြန်မာပြည်ရဲ့ အထင်ရှားဆုံး တန်ဆောင်တိုင်ပွဲတော်ပါ။
25-Mar-2018
ဆယ့်နှစ်လရာသီ လများတွင် တန်ဆောင်မုန်းလသည် ဘာသာရေးဆိုင်ရာ ပွဲတော်များဖြစ်သည့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ မသိုးသင်္ကန်း ဆက်ကပ်ခြင်း၊ ကထိန် အလှူပွဲ စသော ဘာသာရေးဆိုင်ရာ ပွဲတော်များ သာမက ကျီးမနိုးပွဲ၊ တန်ဆောင်တိုင် ပွဲတော်စသည်ဖြင့် ပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်ကြသော လတစ်လဖြစ်သည်။
08-Oct-2017
ဝါလကင်းလွတ်လို့ သီတင်းကျွတ်ကာလ ရောက်ခါးနီပြီဆိုတာနဲ့ မီးထွန်းပွဲတော်ရဲ့ အငွေ့အသက်တွေဟာ မြို့ပြရော၊ ကျေးလက်ပါမကျန် ပျံ့နှံရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နေအိမ်ရှေ့တွေမှာ ချိတ်ဆွဲ ထွန်းညှိမယ့်သူတွေအတွက် အလှဆင်မီးပုံးတွေ၊ ကလေးသူငယ်တွေအတွက် တွန်းလှည်းမီးပုံးလေးတွေ စသည်ဖြင့် ရွေးချယ်စရာတွေ ပေါများလှပါတယ်။ မန္တလေးမြို့ပေါ်က ရောင်စုံမီးပုံးလေးတွေရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
08-Oct-2017
ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ထီးနန်းစိုက်ခဲ့တဲ့ ရွှေဘိုမြို့ဟာ မိုးနည်းပြီး ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်ပေမယ့် ဆည်ရေသောက်စနစ်နဲ့ စိုက်ပျိုးရေပေးဝေနိုင်ခဲ့လို့ ရွှေဘိုသနပ်ခါးတုံးတွေနဲ့အပြိုင် ရွှေဘိုဒေသကထွက်တဲ့ ပေါ်ဆန်းမွှေးဆန်ကလည်း နာမည်ကျော်ကြားလှပါတယ်။ တစ်ခေတ်တစ်ခါက မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ရွှေဘိုမြို့ရဲ့ နာမည်ကျော် မြို့ထောင့်စေတီဘုရားကို ဖူးမြော်ရင်း ရွှေဘိုမြို့ပေါ်က သွားရောက် လေ့လာသင့်တဲ့ နေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
10-Sep-2017
ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာတာမို့ ဒေသခံ အရပ်သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရောက်ခဲ့ကြတာဟာ ကာလ အတန်ကြာခဲ့ပါပြီ။ လူဦးရေ ၉၀ဝ ကျော် ခိုလှုံနေရသော တနိုင်းမြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းတွေမှာနေထိုင်ရင်း ယာယီ စွန့်ခွာလာခဲ့ရတဲ့အိမ်ကို ပြန်ဖို့ တမ်းတနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ မြင်ကွင်းပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။