News

POST SECTION

PHOTO-ESSAYS

24-Jun-2018
မိုးရာသီကာလ တိုတောင်းလာမှုနှင့်အပြိုင် နွေ၏အပူချိန်မှာ ကာလကြာရှည် မြင့်မားလာမှုကြောင့် မိုးခေါင်ရေရှားသော အညာဒေသများသာမက ရှမ်း၊ ကယား စသော တောင်ပေါ်ဒေသများနှင့် တိုက်ကြီး၊ လှည်းကူး စသော မြို့နယ်များတွင်ပါ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများကို ရင်ဆိုင်လျက်ရှိသည်။ ရေရှားပါးသော ကျေးရွာများကို စေတနာအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်လှူဒါန်းလျက်ရှိကြရာ ရေ အလှူပေးနေသော ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
13-May-2018
ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းမှစတင်ကာ စစ်ပွဲများရပ်ဆိုင်းရေးနှင့် တိုက်ပွဲများကြောင့် ပိတ်မိနေသူများ ကယ်ဆယ်ရေးနှင့် စစ်ဘေးရှောင်ဒုက္ခသည်ကို အကန့်အသတ် အတားအဆီးမှုမရှိဘဲ ကူညီခွင့်ပေးရေးအဖြစ် ဆန္ဒလှုပ်ရှားမှုပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေး လှုပ်ရှားပုံရိပ်များအဖြစ် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
06-May-2018
“မီးဘေးရှောင် မလောင်ခင်တား” “လူခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ” ဆိုသောစကားများ ရေပက်မဝင်အောင် ရှိသည်ကြားမှပင် မြန်မာနိုင်ငံတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မီးလောင်မှု ၃၆၀၀ ကျော် ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှု ကျပ်သန်းပေါင်း ၈ သောင်းကျော်အထိ ရှိသည်
29-Apr-2018
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူထောင်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။
22-Apr-2018
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လေကွီးကျေးရွား၌ မြိုတိုင်းရင်းများ၏ ၃ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို ဧပြီလ ၂၁ ရက်နေ့က ကျင်းပခဲ့ကြရာမှ ရိုးရာယဉ်ကျေးမှုတို့ဖြင့် ဖျော်ဖြေနေကြသည့် မြိုလူမျိုးတို့၏ ပုံရိပ်အချို့နှင့် ရိုးရာဓလေ့အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
22-Apr-2018
မြန်မာနိုင်ငံတွင် လှည်းများဖြင့် လာရောက်လည်ပတ်ကြသည့် ပွဲတော်များ ရှားပါးလာချိန်တွင် ယခုတိုင် ရိုးရာမပြတ် လှည်းများ ထောင်နှင့်ချီ လာရောက်လည်ပတ်ကြသည့် ရွှေနတ်တောင်စေတီ တပေါင်းပွဲတော်အား ဖော်ပြပေးလိုက်သည်။
02-Apr-2018
ချင်းတွင်းမြစ်နှင့်မြစ်သာမြစ် ဆုံသည့်နေရာ မြစ်ခုမြစ်ကြားတွင်တည်ရှိသည့် ကလေးဝမြို့တွင် လှေလှော်ပြိုင်ပွဲ ကျင်းပခဲ့သည်။ ကလေးဝမြို့အနီး ချင်းတွင်းမြစ်အတွင်း လှေလှော်ပြိုင်ပွဲများ ကျင်းပရာတွင် ယခင်က လူဦးရေ ၂၀ အနည်းဆုံး ပါဝင်လှော်ခတ်ရသည့် လောင်းလှေပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ယခုအခါ လူ ၁၁ ဦးသာ ပါဝင်လှော်ခတ်ရသည့် လှေလှော်ပြိုင်ပွဲအဖြစ် ကျင်းပကြသည်။
02-Apr-2018
အင်္ဂလိပ်အုပ်စိုးမှုအောက် ရှိစဉ်အခါက ရန်ကုန်မြို့ ရေပေးဝေရေး လုံလောက်မှု ရှိစေရန်အတွက် တိုက်ကြီးမြို့နယ် ချောင်းမကြီး လေးခုဆုံရာအရပ်၌ ဂျိုးဖြူရေလှောင်ကန်ကို ၁၉၃၇ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါတယ်။ ကုန်ကျငွေ ၁၇၅ သိန်းဟု စာရင်းများက ဆိုတယ်။ ဂျိုးဖြူရေကန်မှ ကုက္ကိုင်းကန်အထိ ပိုက်လိုင်းအရှည် ၄၃ မိုင်ကို အချင်း ၅၆ လက်မ သံမဏိပိုက်ဖြင့် နေ့စဉ် ရေပို့ဆောင်ကာ ယင်းမှတစ်ဆင့် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
02-Apr-2018
ချင်းတိုင်းရင်းသားတို့၏ ခေါင်ကျွဲပွဲဆိုသည်မှာ စော်ဘွားများက မိမိသည် ဂုဏ်ဓန ငွေကြေးချမ်းသာသူ ဩဇာအာဏာကြီးမြတ်သူဖြစ်ကြောင်း၊ မိမိ၏ဇနီး ချောကြောင်း လှကြောင်း ချောမောလှပသည့်မိမိဇနီးကို ချီးမြှောက်ဂုဏ်တင်သည့် ပွဲတော်တစ်ခုဖြစ်သည်။
02-Apr-2018
ယခုအချိန်ထိ လျှပ်စစ်မီး မရရှိသေးသလို လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲ ရှိနေသေးတဲ့ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်နားက ကံမမြို့နယ် ဧရာဝတီမြစ်ဘေးမှာတည်ရှိတဲ့ စစ္စရံကျေးရွာရဲ့ ချမ်းအေးလှတဲ့ ဆောင်းမနက်နဲ့ ဆောင်းကို အန်တုနေကြတဲ့ ဒေသခံတွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
02-Apr-2018
နာဂရိုးရာ နှစ်သစ်ပွဲတော်ကို ရှေးယခင်က ကျေးရွာတိုင်း၌ ကျင်းပခဲ့ကြသည်။ တောင်ယာလုပ်ကိုင်ပြီး ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးနောက် တစ်ရွာနှင့်တစ်ရွာ ပွဲမတိုက်အောင် ကျင်းပခဲ့ကြသည်။ တစ်ရွာ၏ပွဲမှာ အခြားတစ်ရွာကလူများ သွားရောက် ပျော်ပွဲရွှင်ပွဲ ကျင်းပသည်။ ၎င်းပွဲတွင် တစ်နှစ်ပတ်လုံး အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးပြောဆိုကြသည်။ ယခုနှစ်အတွက် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်အထိ ကျင်းပခဲ့သော နာဂရိုးရာ နှစ်သစ်ကူးပွဲတော်မှ ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
02-Apr-2018
လွိုင်ကော်မြို့မှ ဆယ်မိုင်ကျော်ဝေးသည့် ဒီမော့ဆိုဒေသတွင် သစ်တောများ ပေါများခြင်း၊ နည်းပညာ လိုအပ်နေခြင်းကြောင့် သစ်မြစ်များကို တန်ဖိုးမရှိသည့်အရာအဖြစ် သတ်မှတ်ပြီး မီးရှို့ပစ်ခြင်း၊ အိမ်သုံးထင်းအဖြစ် အသုံးပြုခြင်းကို နေရာများစွာ တွေ့နိုင်ပါသည်။
02-Apr-2018
ဆောင်းရာသီ အရသာကို ပီပီသသ ခံစားနေရသည့် မန္တလေးမြို့တော်၏ နံနက်ခင်း မြင်ကွင်းအချို့ကို ဖော်ပြလိုက်ရပါသည်။