News

POST TYPE

PHOTO ESSAYS

စစ်တွေမြင်ကွင်းပုံရိပ်များ(Daily, Vol-6/No-129)
09-Sep-2018
စစ်တွေမြင်ကွင်းပုံရိပ်များ
ဓာတ်ပုံ - အောင်စိုး

မြောက်ဦးခေတ်က အသုံးပြုခဲ့သော အမြောက်နှင့် လောကပါလနတ်ရုပ်

စစ်တွေမြို့ရှိ အပန်းဖြေစခန်းတစ်ခုဖြစ်သော ပွိုင့်အပန်းဖြေစခန်းရှိ မီးပြတိုက်

စစ်တွေမြို့တွင်းရှိ ဈေးဆိုင်ခန်းများ၊ ပုဂ္ဂလိကရုံးလုပ်ငန်း၊ ဘဏ် များတည်ရှိကာ လူသွားလူလာ များပြားသည့်လမ်းမကြီး

စစ်တွေမြို့သို့ ဧည့်သည်များ လာရောက်လည်ပတ်လျှင်ဖြစ်စေ၊ မြို့ပေါ်နေသူများပင်ဖြစ်စေ ပွင့်လင်းရာသီ ညနေအချိန်တို့တွင် စစ်တွေမြို့ရှိ ကမ်းခြေအနီး တည်ရှိသော ပွိုင့်အပန်းဖြေစခန်းသို့ လာရောက် အပန်းဖြေသူများ 

အလှူဒါနပြု ကျွေးမွေးရန်အတွက် ငါးများကိုချက်ပြုတ်ရန် ပြင်ဆင်နေကြစဉ်

စစ်တွေမြို့၌ တည်ရှိသော ဘုရားကြီး ခေါ် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသို့ သီတင်းကျွတ်၊ တန်ဆောင်တိုင်လပြည့် အချိန်တို့၌ လာရောက်ဖူးမြော်သူ များပြားသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေလေဆိပ် 

စစ်တွေမြို့ ကမ်းခြေ၌ တနင်္ဂနွေနေ့သို့ ရောက်ပါက လူအများအပြား လာရောက်ကာ ရေချိုး အပန်းဖြေ၊ ဘောလုံးကန်ကြသည်။

စစ်တွေ ပွိုင့်အပန်းဖြေစခန်းတွင် ရခိုင်ရိုးရာ အားကစားတစ်ခုဖြစ်သော (ကျင်) ကိုင်နေကြပုံအား ပြသထားစဉ် 

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့သို့ စစ်တွေ- ရန်ကုန် လမ်းကြီးမှ ဝင်ရောက်လာလျှင် ပထမဆုံးတွေ့မြင်ရသည့် မြို့ဝင်မုခ်ဝ