News

POST TYPE

PHOTO ESSAYS

စွန့်ပစ်သစ်မြစ်မှသည် ပရိဘောဂဆီသို့
02-Apr-2018

လွိုင်ကော်မြို့မှ ဆယ်မိုင်ကျော်ဝေးသည့် ဒီမော့ဆိုဒေသတွင် သစ်တောများ ပေါများခြင်း၊ နည်းပညာ လိုအပ်နေခြင်းကြောင့် သစ်မြစ်များကို တန်ဖိုးမရှိသည့်အရာအဖြစ် သတ်မှတ်ပြီး မီးရှို့ပစ်ခြင်း၊ အိမ်သုံးထင်းအဖြစ် အသုံးပြုခြင်းကို နေရာများစွာ တွေ့နိုင်ပါသည်။ သို့သော် ယခုအခါတွင်တော့ ထိုသို့မဟုတ်။ ကိုတူးငယ်နှင့် ကိုဘလှိုင်တို့သည် ထိုင်းနိုင်ငံ ပရိဘောဂစက်ရုံမှ အလုပ်လုပ်ပြီးနောက် ဒေသရင်းဒီမောဆိုသို့ပြန်လာကာ Rain Tree နာမည်ဖြင့် ဒေသခံလူငယ် ၁၂ ဦးပါဝင်ကာ စွန့်ပစ်သစ်မြစ်များမှ ပရိဘောဂသို့ ဖန်တီးနေပြီဖြစ်သည်။

ဓာတ်ပုံ- မြဇာခြည်သင်း

စွန့်ပစ်ပင်စည်များကို ပိုင်းဖြတ်၍ အလှဆင်နံရံတစ်ခု ဖန်တီးထားသည်။ နံရံတစ်ခုတည်းအတွက် သတ်မှတ်ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ ၇ သောင်း (မြန်မာငွေ ၂၈ သိန်းခန့်)ဖြစ်သည်။

ထိုင်ခုံအဖြစ် အသုံးပြုရန် အရောင်တင်ထားသည့်သစ်တုံးများဖြစ်သည်။ သတ်မှတ်ထားသော တန်ဖိုးမှာ အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်သိန်း သုံးဆယ်ကျော်ထိရှိသည်။

အရောင်တင်ရန် ပရိဘောဂ ကုန်ကြမ်းများကို Rain Tree လုပ်ငန်းခွင်အတွင်းရှိ လူနေအိမ် တစ်လုံးအောက်တွင် စုပုံထားသည်။ ဖန်တီးမှု လုံးဝ မလုပ်ရသေးသည့် သစ်မြစ်ကိုလည်း အကြမ်းထည်အတိုင်း တွေ့ရသည်။ 

စွန့်ပစ်ပင်စည်များကို ဖန်တီးထားသည့် စားပွဲပုံစံအမျိုးမျိုး 

Rain Tree လုပ်ငန်းဖွင့်ပွဲကို ဇန်နဝါရီလ ၆ ရက်က ဒီမောဆိုမြို့တွင် ကျင်းပခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် BEAM Education Foundation ဒါရိုက်တာ ဦးကျော်ကျော်မင်းထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်

Rain Tree လုပ်ငန်းကို လွိုင်ကော်မြို့မှ မိနစ် ၃၀ ခန့် ကားစီးလျှင် ရောက်ရှိနိုင်ပြီး ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက် စိန်ဂျိုးဇတ်ဘုရားကျောင်းအနီးတွင် ဖွင့်လှစ်ထားသည်။