News

POST TYPE

PHOTO ESSAYS

မန္တလေး နံနက်ခင်း
02-Apr-2018

ဆောင်းရာသီ အရသာကို ပီပီသသ ခံစားနေရသည့် မန္တလေးမြို့တော်၏ နံနက်ခင်း မြင်ကွင်းအချို့ကို ဖော်ပြလိုက်ရပါသည်။

ဓာတ်ပုံ - မြတ်(ကလေး)


မန္တလေးကျုံးကို မြင်တွေ့ရတာပါ။ နှင်းမြူတွေကြားထဲက မသဲမကွဲ မြို့ရိုးကြီးကို ပုံဖော်နိုင်သလို ကျုံးရေပြင်ကိုကြည့်ရင်း ရှေးမြန်မာတို့ရဲ့ အန္တရာယ် ကာကွယ်ဖို့ စီမံခဲ့မှုတွေကို နံနက်စောစောမှာ စေ့ငုနိုင်ပါသေးတယ်။ 


မန္တလေးတောင်တော် ဓာတ်တော်တိုက်ကနေ မြင်တွေ့ရတဲ့ နံနက် အရုဏ်ဦးမြင်ကွင်းပါ။ အေးမြတဲ့လေ၊ နူးညံ့တဲ့နေရောင်ခြည်တို့ကို အရင်ဦးဆုံး ထိတွေ့ခွင့်ရရှိမယ့်နေရာတစ်ခုဖြစ်ပြီး ဓာတ်ပုံဆရာတို့ရဲ့ စိတ်ကြိုက်နေရာတစ်ခုလည်း ဖြစ်ပါတယ်။


မန္တလေးတောင်တော် ဓာတ်တော်တိုက်ကနေ မြင်တွေ့ရတဲ့ နံနက် အရုဏ်ဦးမြင်ကွင်းပါ။ အေးမြတဲ့လေ၊ နူးညံ့တဲ့နေရောင်ခြည်တို့ကို အရင်ဦးဆုံး ထိတွေ့ခွင့်ရရှိမယ့်နေရာတစ်ခုဖြစ်ပြီး ဓာတ်ပုံဆရာတို့ရဲ့ စိတ်ကြိုက်နေရာတစ်ခုလည်း ဖြစ်ပါတယ်။


မနက်စောစော အလုပ်ခွင်ဝင်ဖို့ ပြင်ဆင်ကြသူတွေ၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားသူတွေ၊ အားကစား လေ့ကျင့်သူတွေကို ကျုံးပတ်လည် ဘယ်နေရာကြည့်ကြည့် တွေ့မြင်နိုင်ပါတယ်။ 


ဈေးကြီး၊ ဈေးသေးမရွေး ဈေးဝယ်တွေ ပျားပန်းခပ်နေတတ်ပြီး ဆောင်းရာသီဝတ်အထည်တွေ ရောင်းချသူတွေကိုလည်း လက်တွန်းလှည်းလေးတွေနဲ့ မြင်တွေ့ရပါသေးတယ်။ 


နံနက်ခင်း ဆွမ်းခံကြွတဲ့ သံဃာတွေကိုလည်း မန္တလေးမြို့ရဲ့ နေရာအနှံ့မှာ တွေ့မြင်နိုင်ဦးမှာပါ။ 


မန္တလေးမြို့ပေါ် လွှမ်းခြုံထားတဲ့ တိမ်ခိုးတိမ်လိပ်တွေပါ။ နတ်ပြည်အလား ထင်မှတ်မှားနိုင်တယ်လို့ တင်စားရင် မလွန်ပါဘူး။


မန္တလေးတောင်ထိပ်က ခြင်္သေ့ကြီးနှစ်ကောင်နဲ့အတူ နိုးထလာတဲ့ မန္တလေးရဲ့ နံနက်ခင်းပါ။ မန္တလေးရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို မှန်းဆနိုင်တဲ့ နေရာတစ်ခုလို့ ဆိုရမယ့်နေရာပါ။