News

POST TYPE

PHOTO ESSAYS

ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများမှ ကလေးငယ်များနှင့် မိသားစုများ
02-Apr-2018

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ၂၀၁၁ ခုနှစ်ဝန်းကျင်မှစတင်၍ ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော KIA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသူများမှာ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည်မှာ ၆ နှစ်ကျော်ကာလအထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်ဒေသရှိ St.joseph's စစ်ဘေးရှောင်စခန်း၊ ဇိအွန် စစ်ဘေးရှောင်စခန်းနှင့် မိုင်းနား KBC စစ်ဘေးရှောင်စခန်းများရှိ ကလေးငယ်များအတွက် ပညာသင်ကြားမှု၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော စစ်ဘေးရှောင်တို့ လှုပ်ရှားမှု ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ- အောင်ဖြိုး


ဇိအွန်စစ်ဘေးရှောင်စခန်းကို ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်ခဲ့ရသော ကလေးငယ်များ။


ကစားစရာ သစ်သားသေနတ်ဖြင့် ကလေးငယ်တစ်ဦး။


World food program ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က လူတစ်ဦးလျှင် တစ်လ ကျပ်တစ်သောင်းတစ်ထောင်၊ ဆင်းရဲသည့် အိမ်ထောင်စုဆိုပါက တစ်ဦးတစ်လလျှင် ကျပ်တစ်သောင်းခွဲ ထောက်ပံ့ပေးမှု ရှိနေပြီး မိသားစုငါးယောက်ထက် လျော့နည်းသည့် အိမ်ထောင်စုဆိုပါက ထောက်ပံ့ကြေး မရရှိပေ။


St.joseph's စစ်ဘေးရှောင်စခန်းတွင် KG တန်းများလောက်သာ သင်ကြားနိုင်ပြီး ကျန်အတန်းများအတွက် နီးစပ်ရာ အစိုးရ စာသင်ကျောင်းများတွင် တက်ရောက်ရသည်။


St.joseph's စစ်ဘေးရှောင်စခန်းတွင် KG တန်းများလောက်သာ သင်ကြားနိုင်ပြီး ကျန်အတန်းများအတွက် နီးစပ်ရာ အစိုးရ စာသင်ကျောင်းများတွင် တက်ရောက်ရသည်။


စစ်ပွဲများကြောင့် နေရပ် မပြန်နိုင်သည်မှာ ၆ နှစ်ကျော်ရှိခဲ့ပြီဖြစ်ရာ ရေရှည်တွင် စားဝတ်နေရေးအတွက် နေ့စားကျပန်းလုပ်ငန်းများ လုပ်ကိုင်ကာ အသက်မွေးကျောင်းပြုနေရသည်။


တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် လူငယ်များက စစ်ဘေးရှောင် စခန်းအတွင်းရှိ KG အတန်းများတွင် ပြန်လည် စာသင်ပေးနေသည်။


အမျိုးသမီးများမှာ အထည် ရက်လုပ်ခြင်း၊ စက်ချုပ်ခြင်း စသည့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကာ ဝမ်းရေးအတွက် ဖြေရှင်းနေရသည်။


St.joseph's စစ်ဘေးရှောင်စခန်းတွင် KG တန်းများလောက်သာ သင်ကြားနိုင်ပြီး ကျန်အတန်းများအတွက် နီးစပ်ရာ အစိုးရ စာသင်ကျောင်းများတွင် တက်ရောက်ရသည်။