News

POST TYPE

PHOTO ESSAYS

ပန်းပွဲတော်
02-Apr-2018

ပန်းမြို့တော်ဟု အမည်တွင်သည့် ပြင်ဦးလွင်မြို့မှာ နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလတွင် ပန်းပွဲတော် ကျင်းပလာသည်မှာ ၁၂ ကြိမ်မြောက်သို့ ယခုနှစ်တွင် ရောက်ရှိသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ယခုနှစ်ပန်းပွဲတော်တွင် နိုင်ငံခြားပန်းမျိုးစိတ်ပေါင်း ၄၈ မျိုး၊ ပန်းပင်ပေါင်း လေးသိန်းခုနစ်သောင်းကျော်ဖြင့် ပန်းပြကွက်များကို ပြသခဲ့သည်။ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းက ပန်းဘောင်တွေအတွင်းမှာတော့ မြန်မာနိုင်ငံထွက် ပန်းမျိုးစိတ်တို့ဖြင့် စိုက်ပျိုးပြသလျက်ရှိသည်။ ယခုနှစ်ပန်းပွဲတော်ကို မိုးများခြင်းကြောင့် ဒီဇင်ဘာ တစ်လလုံးအစား လတစ်ဝက်သာ ပြသနိုင်မည်ဖြစ်သည်။ ပန်းပွဲတော်အတွင်းမှ ပန်းပြကွက်များ၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - ရန်မိုးနိုင်