News

POST TYPE

PHOTO ESSAYS

ကေဘယ်လ်ရထားစီး၍ ကျိုက်ထီးရိုးဘုရားဖူးခြင်း
02-Apr-2018

တောတောင်ရေမြေ သဘာဝ အလှအပတရားကို ခံစားရင်း ဘုရားဖူးလို သူတွေဟာ ကျိုက်ထီးရိုးစေတီကို အများဆုံး ဦးတည်ကြပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၂ သန်းကျော် လာရောက်တဲ့ ကျိုက်ထီးရိုးမှာ ထူးခြားတဲ့ ပြောင်းလဲမှုအဖြစ် ကေဘယ်လ်ရထားကို စတင် ပြေးဆွဲခဲ့ပါပြီ။ တောတောင်ရေမြေ သဘာဝ အလှတရားတွေကို အပေါ်စီးက မြင်တွေ့နိုင်မယ့် ကေဘယ်လ်ရထား ခရီးစဉ်က ပုံရိပ်တွေ ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ - အောင်စိုး၊ ခတ္တာနွန်

ဓာတ်ပုံ - အောင်စိုး

တောင်တက်ကား တစ်တန်၊ ကေဘယ်လ်ရထား တစ်တန်ဖြင့် နှစ်ဆင့်စီးနင်းရမှာ ဖြစ်တဲ့အတွက် ကင်ပွန်းစခန်းကနေ ရသေ့တောင်အထိ တောင်တက်ကားကို မဖြစ်မနေ စီးရမှာပါ။ 

ဓာတ်ပုံ - အောင်စိုး

ရသေ့တောင် တောင်ခြေကနေ ရင်ပြင်တော်ဂိတ်အထိ အရှည်ပေ ၂၉၀ဝ ခန့်ကို ရထားတွဲ ၄၃ တွဲနဲ့ ပြေးဆွဲသွားမှာပါ။ တစ်တွဲကို လူရှစ်ဦး စီးနင်းနိုင်ပါတယ်။

ဓာတ်ပုံ - ခတ္တာနွန်

ကင်ပွန်းစခန်းကနေ နာရီဝက်နီးပါး မောင်းရတဲ့ ဆောင်နိုင်ကြီး ရေတံခွန် မြင်ကွင်းပါ။ 

ဓာတ်ပုံ - အောင်စိုး

တောင်တက်ခရီးတွေ ဘယ်လိုပင် တိုးတက်ပြောင်းလဲခဲ့ပေမယ့် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေနဲ့ အခါကြီး ရက်ကြီးတွေမှာ ဘုရားဖူးတွေ များပြားနေမြဲပါ။

ဓာတ်ပုံ - အောင်စိုး

ကေဘယ်လ် ရထားစီးခ နိုင်ငံသားတစ်ဦးလျှင် ၃၀ဝ၀ ကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ၁၀ ဒေါ်လာ ပေးဆောင်ရမှာပါ။

ဓာတ်ပုံ - ခတ္တာနွန်

ကေဘယ်လ် ရထားပေါ်က မြင်ရတဲ့ ကျိုက်ထီးရိုး တောရိုင်း ဘေးမဲ့တောနယ်မြေ သဘာဝ အလှအပတရားတွေပါ။

ဓာတ်ပုံ - ခတ္တာနွန်

ကားလမ်းတွေ မပေါ်ခင်တုန်းက ကျိုက်ထီးရိုးစေတီကို ဖူးရဖို့ဆိုတာ ကင်ပွန်းစခန်းကနေ ရေမြောင်ကြီးစခန်း အပါအဝင် အပန်းဖြေစခန်း ခုနစ်ခုကို ဖြတ်ကျော်ရမှာပါ။ အခုအချိန်မှာတော့ ရေမြောင်ကြီး အပန်းဖြေစခန်းအစား ရင်ပြင်တော် အနီးကနေ ကားနဲ့သွားရတဲ့ မိုးပေါရေတံခွန် မြင်ကွင်းပါ။

ဓာတ်ပုံ - အောင်စိုး