News

POST TYPE

PHOTO ESSAYS

ခေါနူးစုမ် အလှတရား
02-Apr-2018

တိမ်တွေရဲ့အထက်က တောင်တန်းတွေကြားမှာ ပွင့်အာနေတဲ့ တောင်ဇလပ်ပန်း နီနီရဲရဲတို့ကို မနက်စောစောမှာ ကြည့်ဖူးကြပြီလား။ ဒီလိုမြင်ကွင်းမျိုးကို ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း တစ်သောင်းကျော်အမြင့်က ခေါနူးစုပ် အမျိုးသား ဥယျာဉ်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ သူကတော့ ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးမှာ တည်ရှိတာပါ။

ဓာတ်ပုံ - မြတ်(ကလေး)၊ ငြိမ်းသူမင်း

တောင်ဇလပ်၊ ထင်းရှူး၊ သစ်ခွ စတဲ့ သဘာဝ အလှတရားတွေ တွေ့မြင်နိုင်တဲ့ ချင်းတောင်တန်း။

ဓာတ်ပုံ -မြတ်(ကလေး)

ခေါနူးစုမ် ဝန်းကျင်မှာသာရှိတဲ့ ပျောက်ကွယ်တော့မယ့် ပါးမည်းထိုးထားတဲ့ ချင်းမိခင်ကြီးတွေကိုလည်း လေ့လာစူးစမ်းနိုင်ကြမှာပါ။

ဓာတ်ပုံ- ငြိမ်းသူမင်း

မင်းတပ်နှင့် မတူပီကားလမ်းမှ ချယ်ရီပင်များ။

ဓာတ်ပုံ - ငြိမ်းသူမင်း

ရာသီဥတု အလွန်ကြမ်းပြီး စိုက်ပျိုးမြေ အခက်တွေ့တဲ့ ဒီဒေသအတွက် အဓိက စားနပ်ရိက္ခာဖြစ်တဲ့ ပြောင်းဖူးကို အိမ်တိုင်းမှာ တွေ့ရမှာပါ။

ဓာတ်ပုံ - ငြိမ်းသူမင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် မတူပီမြို့အကြား ၅၁ မိုင် နတ်ရေကန်သဘာဝမြင်ကွင်း။

ဓာတ်ပုံ - ငြိမ်းသူမင်း

နိုဝင်ဘာလ နောက်ဆုံးပတ်မှာ တောင်ဇလပ်နီပင်များ ပွင့်လန်းနေသည်ကို မြင်ရစဉ်။

ဓာတ်ပုံ - မြတ်(ကလေး)

တောင်တစ်ခုလုံး ထင်းရှူး၊ တောင်ဇလပ်တွေ နေရာမရွေး ပွင့်နေတယ်ဆိုပေမယ့် သဘာဝ အလှတွေကို ဒီအတိုင်း မခံစားဘဲ တောင်ဇလပ် ပန်းပွင့်တွေကို ခူးယူတတ်သူတွေကိုလည်း ကာကွယ်ထားရပါတယ်။

ဓာတ်ပုံ - မြတ်(ကလေး)

တောင်ပေါ်ကို မော်တော်ယာဉ်အသွားအလာပိတ်ထားပြီး ဆိုင်ကယ်နဲ့ပဲ သွားရောက်နိုင်ပါတယ်။ တောင်ထိပ်ရောက်ဖို့နှစ်မိုင်အလိုမှာ ဆိုင်ကယ်ထားခဲ့ပြီး ခြေလျင်လျှောက်ရမှာပါ။

ဓာတ်ပုံ- ငြိမ်းသူမင်း

ခေါနူးစုမ်ဆိုတာက ချင်းဘာသာနဲ့ ခေါ်တာဖြစ်ပြီး မြန်မာလိုကတော့ ချင်းတို့ရဲ့ မိခင်တောင်တန်းလို့ ခေါ်ဆိုရမှာပါ။ ခေါနူးစုမ်အပြင် နတ်မတောင်၊ ဝိတိုရိယတောင်လို့လည်း အမည်တွေ တွင်ပါသေးတယ်။ ကန်ပက်လက်၊ မင်းတပ်နဲ့ မတူပီမြို့တို့ရဲ့ အလယ်မှာ တည်ရှိနေပြီးတော့ တောင်တွေ အထပ်ထပ် ဝန်းရံထားတဲ့ လမ်းအတိုင်း သွားကြရမှာဖြစ်ပြီး နှစ်စဉ် ပွင့်လင်းရာသီ ကာလမှာ ပြည်တွင်း ပြည်ပ ခရီးသွားတွေ မပြတ်ဝင်ရောက်နေပါပြီ။ 

ဓာတ်ပုံ - မြတ်(ကလေး)