News

POST TYPE

PHOTO ESSAYS

ရေခဲမြို့တော် ပန်ဝါ
25-Mar-2018

ဆောင်းတွင်းကာလမှာ ရေခဲဖုံးလွှမ်းတဲ့ ကချင်ပြည်နယ်က ပန်ဝါမြို့ဟာ မြစ်ကြီးနားက ၁၂၁ မိုင်၊ ချီဖွေမှ ၃၈ မိုင်ခန့် ကွာဝေးပါတယ်။ ယင်းမြို့နှစ်မြို့မှာ လော်ဝေါ်လူမျိုး၊ လာချိတ်လူမျိုးနဲ့ လီဆူတိုင်းရင်းသားတို့ နေထိုင်ကြပါတယ်။ 

ဓာတ်ပုံ - ရန်ကောင်း၊ Hkawng Zawng

ဆောင်းတွင်းကာလမှာ ရေခဲဖုံးလွှမ်းတဲ့ ကချင်ပြည်နယ်က ပန်ဝါမြို့ဟာ မြစ်ကြီးနားက ၁၂၁ မိုင်၊ ချီဖွေမှ ၃၈ မိုင်ခန့်ကွာဝေးပါတယ်။ ယင်းမြို့နှစ်မြို့မှာ လော်ဝေါ်လူမျိုး၊ လာချိတ်လူမျိုးနဲ့ လီဆူတိုင်းရင်းသားတို့ နေထိုင်ကြပါတယ်။

ဓာတ်ပုံ - Hkawng Zawng

ရေခဲမြို့ဟုခေါ်သည့် ပန်ဝါကို နှင်းကျသော ဇန်နဝါရီလတွင် အပန်းဖြေလည်ပတ်သူ အလွန်များပြားသည်။

ဓာတ်ပုံ - ရန်ကောင်း

ရေခဲမြို့ဟုခေါ်သည့် ပန်ဝါကို နှင်းကျသော ဇန်နဝါရီလတွင် အပန်းဖြေလည်ပတ်သူ အလွန်များပြားသည်။

ဓာတ်ပုံ - ရန်ကောင်း

မိဘတွေ တောင်ယာခုတ်သွားလို့ ကလေးလိုက်ထိန်းရတယ်။

ဓာတ်ပုံ - ရန်ကောင်း

ချီဖွေမြို့မှ မေခမြစ်ကို မြင်တွေ့ရပုံ

ဓာတ်ပုံ - ရန်ကောင်း

မြစ်ကြီးနား ဝိုင်းမော်၊ ချီဖွေ၊ ပန်ဝါကို လျှပ်စစ်မီးဖြန့်ပေးနေသည့် ချီဖွေငယ် ရေအားလျှပ်စစ် ရုံးဖြစ်ပြီး ယင်းသည် ချီဖွေနှင့် ပန်ဝါကြားတွင်ရှိသည်။

ဓာတ်ပုံ - ရန်ကောင်း

ပန်ဝါမြို့ရှိ တရုတ်နှင့် မြန်မာနိုင်ငံ နယ်စပ်ကျောက်တိုင်ပါ။ ယင်းဂိတ်နေရာ၊ တရုတ် - မြန်မာသို့ ဖြတ်သွားခွင့် လက်မှတ်လုပ်ပေး သည့် ရုံးရှိပါတယ်။

ဓာတ်ပုံ - ရန်ကောင်း

ချီဖွေမြို့ စုပေါင်းရုံးနဲ့ ရှုခင်းအလှကို တောင်ပေါ်မှမြင်တွေ့ရစဉ်

ဓာတ်ပုံ - ရန်ကောင်း

ချီဖွေမြို့ပေါ် မနက်ခင်းဈေးမြင်ကွင်း။

ဓာတ်ပုံ - ရန်ကောင်း

ချီဖွေမြို့မှ မေခမြစ်တစ်ဘက်ကမ်းတွင် ဇန်နောင်ယန်ရွာရှိသည်။ ထိုရွာနှင့်ဆက်သွယ်ထားသည့် ကြိုးတံတားဖြစ်ပြီး ယင်းတံတားကို ကချင်လွတ်မြောက်ရေးတပ်နှင့် တပ်မတော် စစ်ပြန်လည်ဖြစ်ပွားပြီးနောက် ၂၀၁၁ ခုနှစ်က တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ - ရန်ကောင်း