News

POST TYPE

PHOTO ESSAYS

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
25-Mar-2018

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဒေသခံတွေရဲ့ ရိုးရာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတဲ့ မီးပုံးပျံပွဲဟာ မြန်မာပြည်ရဲ့ အထင်ရှားဆုံး တန်ဆောင်တိုင်ပွဲတော်ပါ။ ယခင်က စူဠာမုနိဘုရားခြေရင်းတွင် ဘုရားပွဲပြုလုပ်ခဲ့ပြီး မြတ်စွာဘုရားကို မီးပုံးပျံများလွှတ်တင်ကာ ဆီမီးပူဇော်ခြင်းနှင့် ကြာပန်းများဖြင့် ရက်လုပ်သည့် မသိုးသင်္ကန်းကိုလည်း ကပ်လှူပူဇော်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများ မျက်စိကျသော ပွဲတော်တစ်ခုဖြစ်လာခဲ့ပြီးလက်ရှိ အဝေရာမီးပုံးပျံကွင်းဟု ပြောင်းလဲလာခဲ့သည်မှာ ၁၀ နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ ညလွှတ်၊ ညမီးကျည်း၊ စိန်နားပန် မီးပုံးအလှများသာမက နေ့လွှတ်အရုပ်မျိုးစုံ၏ မီးပုံးများကလည်း ကလေးများကို အထူးဆွဲဆောင်ကာ ပိုမိုထင်ရှားလာခဲ့ပါတယ်။ ယခုနှစ် အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ၁၀ ရက်ကြာ ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲတော် ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့ ဒေသခံတွေရဲ့ ရိုးရာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတဲ့ မီးပုံးပျံပွဲဟာ မြန်မာပြည်ရဲ့ အထင်ရှားဆုံး တန်ဆောင်တိုင်ပွဲတော်ပါ။ ယခင်က စူဠာမုနိဘုရားခြေရင်းတွင် ဘုရားပွဲပြုလုပ်ခဲ့ပြီး မြတ်စွာဘုရားကို မီးပုံးပျံများလွှတ်တင်ကာ ဆီမီးပူဇော်ခြင်းနှင့် ကြာပန်းများဖြင့် ရက်လုပ်သည့် မသိုးသင်္ကန်းကိုလည်း ကပ်လှူပူဇော်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများ မျက်စိကျသော ပွဲတော်တစ်ခုဖြစ်လာခဲ့ပြီး လက်ရှိ အဝေရာမီးပုံးပျံကွင်းဟု ပြောင်းလဲလာခဲ့သည်မှာ ၁၀ နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ ညလွှတ်၊ ညမီးကျည်း၊ စိန်နားပန် မီးပုံးအလှများသာမက နေ့လွှတ်အရုပ်မျိုးစုံ၏ မီးပုံးများကလည်း ကလေးများကို အထူးဆွဲဆောင်ကာ ပိုမိုထင်ရှားလာခဲ့ပါတယ်။ ယခုနှစ် အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ၁၀ ရက်ကြာ ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲတော် ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံ - ဘိုသက်ထွန်း