News

POST TYPE

PHOTO ESSAYS

အလှူမှာ ကထိန်
25-Mar-2018

ဆယ့်နှစ်လရာသီ လများတွင် တန်ဆောင်မုန်းလသည် ဘာသာရေးဆိုင်ရာ ပွဲတော်များဖြစ်သည့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ မသိုးသင်္ကန်း ဆက်ကပ်ခြင်း၊ ကထိန် အလှူပွဲ စသော ဘာသာရေးဆိုင်ရာ ပွဲတော်များ သာမက ကျီးမနိုးပွဲ၊ တန်ဆောင်တိုင် ပွဲတော်စသည်ဖြင့် ပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်ကြသော လတစ်လဖြစ်သည်။ အလှူတကာ့ အလှူများတွင် ပုဂ္ဂိုလ်ကို ရည်စူးခြင်းမရှိဘဲ သံဃာကို ရည်စူးလှူဒါန်းသော ကထိန်အလှူသည် အမြတ်ဆုံးဟူသော ဆိုရိုးစကားနှင့်အညီ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာနိုင်ငံတွင် ယမန်နှစ်က မြို့ပြကျေးလက်ဒေသ အနှံ့အပြားတွင် ကထိန် အလှူပွဲတော်များ ကျင်းပသော ပုံရိပ်အချို့နှင့် ယခုနှစ်ပုံရိပ်အချို့ကို ဖော်ပြအပ်ပါတယ်။

ဓာတ်ပုံ - အောင်နိုင်၊ ရန်နိုင်၊ Zaw G




တိုင်းရင်းသား မျိုးနွယ်စုများ စုပေါင်းနေထိုင်တဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့မှာ ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စုပေါင်းပြီး မြို့နယ်လုံးကျွတ် စုပေါင်း ဘုံကထိန်ပွဲတော်ကို နှစ်စဉ် ကျင်းပပြုလုပ်ပါတယ်။

ဓာတ်ပုံ - ရန်နိုင်


ရန်ကုန် ဆင်ခြေဖုံးဒေသ ဒလမြို့နယ်ရှိ ကထိန်အလှူပွဲ

ဓာတ်ပုံ - အောင်နိုင်


ရန်ကုန် ဆင်ခြေဖုံးဒေသ ဒလမြို့နယ်ရှိ ကထိန်အလှူပွဲ

ဓာတ်ပုံ - အောင်နိုင်


စုပေါင်း မဟာဘုံကထိန် ပွဲတော်ရက် မရောက်မီ တစ်ရက်အလိုမှာ မိမိတို့ လှူဒါန်းပေးကြမယ့် အလှူပစ္စည်းတွေကို သုံးဘီးယာဉ် (ဆမ်လော့) တွေနဲ့ ကားတွေပေါ်တင်ပြီး မြို့တစ်ပတ် လှည့်လည်ကြပါတယ်။ စေတနာရှင်များရဲ့ ကထိန်အလှူပစ္စည်းတင် ယာဉ်တန်းကြီးဟာ အလွန် များပြားတဲ့အတွက် အသွားနဲ့အပြန် ဆုံတဲ့အထိ ရှည်လျားပါတယ်။

ဓာတ်ပုံ - ရန်နိုင်


ဗိုလ်ချုပ်အောင်ဆန်းဈေး ကထိန်

ဓာတ်ပုံ - အောင်နိုင်


ပုသိမ်မြို့နယ် သူတော်ကုန်းကျေးရွာ အထက ခွဲ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေရဲ့ ဘုံကထိန် လှည့်လည်လာတာပါ။

ဓာတ်ပုံ - Zaw G