News

POST TYPE

PHOTO ESSAYS

ရောင်စုံမီးပုံးလေးများ
08-Oct-2017

ဝါလကင်းလွတ်လို့ သီတင်းကျွတ်ကာလ ရောက်ခါးနီပြီဆိုတာနဲ့ မီးထွန်းပွဲတော်ရဲ့ အငွေ့အသက်တွေဟာ မြို့ပြရော၊ ကျေးလက်ပါမကျန် ပျံ့နှံရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နေအိမ်ရှေ့တွေမှာ ချိတ်ဆွဲ ထွန်းညှိမယ့်သူတွေအတွက် အလှဆင်မီးပုံးတွေ၊ ကလေးသူငယ်တွေအတွက် တွန်းလှည်းမီးပုံးလေးတွေ စသည်ဖြင့် ရွေးချယ်စရာတွေ ပေါများလှပါတယ်။ မန္တလေးမြို့ပေါ်က ရောင်စုံမီးပုံးလေးတွေရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ - မောင်သန့်


မီးပုံးဖန်တီးရာ လုပ်ငန်းခွင်ကနေ ရောင်းချသူတွေက လက်ကားဈေးနဲ့ဝယ်ယူပြီး လမ်းဘေးနေရာတွေမှာ ဆိုင်ငယ်တွေဖွင့်ပြီး ပြန်လည် ရောင်းချကြပါတယ်။ နယ်စပ်ဒေသတွေက ဝင်ရောက်လာတဲ့ တရုတ်မီးပုံးတွေက ဒီဇိုင်းဖန်တီးမှုနဲ့ ရေရှည်ခိုင်ခံမှု အားသာချက်တွေကြောင့် မြန်မာရိုးရာမီးပုံးတွေရဲ့ ဈေးကွက်မှာ အလူးအလဲ ဖြစ်နေကြပါပြီ။ 


လေယာဉ်ပုံ သေးသေးလေးတွေ ရှိသလို၊ တိုက်လေယာဉ်ကြီးတွေ၊ သင်္ဘောကြီးတွေ၊ စစ်သေင်္ဘောကြီးတွေအထိ ဖန်တီးပြုလုပ်ကြပါတယ်။


လေယာဉ်ပုံ သေးသေးလေးတွေ ရှိသလို၊ တိုက်လေယာဉ်ကြီးတွေ၊ သင်္ဘောကြီးတွေ၊ စစ်သေင်္ဘောကြီးတွေအထိ ဖန်တီးပြုလုပ်ကြပါတယ်။


မီးပုံးကလေးတွေကို ဖန်တီးမှုရဲ့ ပထမဆုံးအဆင့်က ဝါးလုံးတွေကို လိုအပ်သလိုလွှာကာ ဝါးတံကလေးတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။


ဝါးပြားကလေးတွေကို ပုံသွင်းနေတာပါ။


ရောင်စုံစက္ကူ အလွတ်ပေါ်မှာ လှပတဲ့ရုပ်ပုံတွေ ပေါ်လာအောင် ရေဆေးကို အသုံးပြု ခြယ်သကြတာ ဖြစ်ပါတယ်။


မီးပုံးကားလေးတွေကို ပြီးပြည့်စုံအောင် ဖန်တီးထားပြီးပါက ခုလိုပဲ စီထားကြပါတယ်။


မီးပုံးကားလေးတွေကို ပြီးပြည့်စုံအောင် ဖန်တီးထားပြီးပါက ခုလိုပဲ စီထားကြပါတယ်။

မီးပုံးကားလေးတွေကို ပြီးပြည့်စုံအောင် ဖန်တီးထားပြီးပါက ခုလိုပဲ စီထားကြပါတယ်။



  • VIA