News

POST TYPE

PHOTO ESSAYS

ငါးမည်ရ ပြည်ရွှေဘို
08-Oct-2017
ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ထီးနန်းစိုက်ခဲ့တဲ့ ရွှေဘိုမြို့ဟာ မိုးနည်းပြီး ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်ပေမယ့် ဆည်ရေသောက်စနစ်နဲ့ စိုက်ပျိုးရေပေးဝေနိုင်ခဲ့လို့ ရွှေဘိုသနပ်ခါးတုံးတွေနဲ့အပြိုင် ရွှေဘိုဒေသကထွက်တဲ့ ပေါ်ဆန်းမွှေးဆန်ကလည်း နာမည်ကျော်ကြားလှပါတယ်။ တစ်ခေတ်တစ်ခါက မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ရွှေဘိုမြို့ရဲ့ နာမည်ကျော် မြို့ထောင့်စေတီဘုရားကို ဖူးမြော်ရင်း ရွှေဘိုမြို့ပေါ်က သွားရောက် လေ့လာသင့်တဲ့ နေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ- ချိုသဲကြည်

ရွှေတန်ဆာ ဘုရားဟာ သက္ကရာဇ် ၅၃၆ အလောင်းစည်သူ မင်းကြီးရဲ့မြေးတော် နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့တာပါ၊ ရွှေဘိုမြို့ပေါ်က ဝါဆိုဘုရားပွဲ၊ ဆွမ်းလောင်းပွဲလုပ်တိုင်း ဦးဆုံးဆွမ်းကပ်ရတဲ့ ဘုရားပါ။ 

အလောင်းမင်းတရားကြီး နတ်ရွာစံပြီးတဲ့နောက်ပိုင်းမှာ အင်းဝ၊ အမရပူရနဲ့ မန္တလေးတို့ကို မင်းနေပြည်တော်တွေ ပြောင်းရွှေ့ခဲ့ပေမယ့် အရေးကြီးတဲ့ကိစ္စရပ်တွေပေါ်တိုင်း ရွှေဘိုက အောင်မြေဘုရား၊ အောင်မြေသဲနင်းပြီး ဆောင်ရွက်ခဲ့ကြတာပါ။

တတိယမြန်မာနိုင်ငံ တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ရွှေဘုံရတနာ မင်္ဂလာနန်းတော်ကိုလည်း လာရောက်လည်ပတ်နိုင်ပါတယ်။

တတိယမြန်မာနိုင်ငံ တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ရွှေဘုံရတနာ မင်္ဂလာနန်းတော်ကိုလည်း လာရောက်လည်ပတ်နိုင်ပါတယ်။

ရွှေဘိုမြို့ စာရေးတန်း လမ်းမတော်တွင်း တောင်မြောက် တန်းလျက်ရှိတဲ့ ချမ်းသာကြီး ချမ်းသာရဘုရားမှာ တန်ဆောင်မုန်းလပြည့်ရောက်တိုင်း ဘုရားပွဲ၊ ရွှေသင်္ကန်း ကပ်လှူပွဲ၊ မြို့လုံးကျွတ် သံဃာ့ဒါန ဆွမ်းလောင်းပွဲ၊ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ လပြည့်နေ့တိုင်း ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ၊ တရားပွဲတွေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာ မြို့လုံးကျွတ်ပါ။

မြို့လုံးကျွတ် ရွှေတန်ဆာဘုရားစောင်းတန်းမှာ နာမည်ကြီး ရွှေဘိုသနပ်ခါး ပင်ရင်းဆိုင်တွေ ရှိပါတယ်။ ဈေးနှုန်းသက်သာစွာ ဝယ်ယူရနိုင်ပါတယ်။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်ခဲ့တဲ့ ရွှေဘိုမောဓောမြင်သာ မြို့ထောင့်စေတီဘုရားပွဲ ၂၀၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ရှိပါတယ်။ H1N1 ရောဂါကြောင့် ဘုရားပွဲအချို့ ပိတ်သိမ်းခဲ့လို့ ဒီနှစ်ရွှေဘိုမြို့ထောင့် စေတီဘုရားပွဲကို ဘုရားပွဲဈေးသည်တွေ အားခဲလာရောက်ရောင်းချကြတာပါ
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တတည်ထားကိုးကွယ်ခဲ့တဲ့ ရွှေဘိုမောဓောမြင်သာ မြို့ထောင့်စေတီဘုရားပွဲ ၂၀၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ရှိပါတယ်။ H1N1 ရောဂါကြောင့် ဘုရားပွဲအချို့ ပိတ်သိမ်းခဲ့လို့ ဒီနှစ်ရွှေဘိုမြို့ထောင့် စေတီဘုရားပွဲကို ဘုရားပွဲဈေးသည်တွေ အားခဲလာရောက်ရောင်းချကြတာပါ

  • VIA