News

POST TYPE

PHOTO ESSAYS

အိမ်ပြန်ချိန်ကို တမ်းတနေသူများ
10-Sep-2017

ကချင်ပြည်နယ်တွင် တပ်မတော်နှင့်  ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာတာမို့ ဒေသခံ အရပ်သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရောက်ခဲ့ကြတာဟာ ကာလ အတန်ကြာခဲ့ပါပြီ။ လူဦးရေ ၉၀ဝ ကျော်  ခိုလှုံနေရသော တနိုင်းမြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းတွေမှာနေထိုင်ရင်း ယာယီ စွန့်ခွာလာခဲ့ရတဲ့အိမ်ကို ပြန်ဖို့ တမ်းတနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့မြင်ကွင်းပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံ- ရန်ကောင်း

တနိုင်းမြို့ ကေဘီစိခရစ်ယာန် ဘုရားကျောင်းမှာ အသက် ၈၀ ခန့်ရှိ အဘွားအိုတစ်ဦး အိပ်နေရာမှာ ထိုင်ပြီး အဝေးက ကလေးငယ်တွေ ကစားနေတာကို ကြည့်နေပါတယ်။

စခန်းမှာနေတဲ့အချိန်မှာ နေရာထိုင်ခင်း အဆင်မပြေမှု တွေဖြစ်နေပေမယ့် မနက်၊ ည ထမင်းစားသောက်တဲ့ အချိန်မှာတော့ ခရစ်ယာန်ဘာသာရေး ပွဲလမ်းတစ်ခုကဲ့သို့ အားလုံး မိုးကာတဲအောက်ရှိ ပျဉ်ပြားစားပွဲနဲ့ ဝါးလုံး နှစ်လုံးပေါ် ထိုင်ပြီး မြိန်ရှက်စွာ စားနေကြရတယ်။

မြို့ပေါ်စခန်း အားလုံးထဲမှာ လူဦးရေ အများဆုံးဖြစ်တဲ့ ကေဘေစီ စစ်ရှောင်စခန်းမှာ နေရာထိုင်ခင်း မလောက်လို့ လူကြီး၊ လူငယ်၊ ယောက်ျားနဲ့ မိန်းမအားလုံး ရောနေကြလို့ နေပူရင် ချွေးစက်တွေကျပြီး မိုးရွာပြန်တော့လည်း အောင်ဆင်းလိုက်၊ အိပ်ယာပေါ် တက်လိုက်ဆိုတော့ အဆင်မပြေမှုတွေကြောင့် အချို့က ညည်းတွားနေကြပါတယ်။

တနိုင်းမြို့ပေါ်ရှိ အေဂျီဘုရားကျောင်းဝင်းရှိ စစ်ရှောင်သူ ၂၀၅ ဦး နေထိုင်နေတဲ့ စခန်းတစ်ခု

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိတ်အားငယ်မှုတွေ ကိုယ်စီရှိကြတဲ့ စစ်ဘေးရှောင်တွေကို အလွယ်တကူ လမ်းမှား မလိုက်မိစေဖို့အတွက် မူးယစ်ဆေးဝါး သုံးစွဲမှုကို ကန့်သတ်ထားပါတယ်။

နှစ်လကျော် သုံးလရောက်လာသည်တိုင်အောင် အချို့က ရွင်ဖျင်တဲတွေနဲ့ နေရသလို၊ အချို့က ဘုရားကျောင်းရဲ့ ခန်းမထဲမှာပဲ စုပုံပြုံနေရပါတယ်။  ရေချိုးခန်းတွေ၊ အိမ်သာတွေကို လေးငါးပေခန့်သာ ကွာဝေး တည်ဆောက်ထားတာကို တွေ့ရပါတယ်။

စခန်းလေးခုထဲမှာ ရှိတဲ့လူအများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။



  • VIA