News

POST SECTION

PERSPECTIVE

27-Apr-2017
အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ မည်သို့သော ပညာရေးစီမံချက် စီမံကိန်း လုပ်ငန်းများပင်ဖြစ်ပါစေ ဖော်ပြချက်များသည် လျှောက်လှမ်းခဲ့ပြီးဖြစ်သော မြန်မာ့ပညာရေး အနှစ်သာရများနှင့် ဆက်စပ်မှုရှိရန် လိုအပ်ပါသည်။ အချိန်အခါ ကွာခြားမှုကြောင့် ကွဲလွဲချက်များ ရှိနိုင်မည်ဖြစ်သော်လည်း ပြုပြင်ပြောင်းလဲသည်ဆိုခြင်းတွင် ပညာရေး သဘောတရားနှင့်အညီ စီမံခန့်ခွဲ လမ်းညွှန်ခဲ့သည့် လုပ်ငန်းစဉ်များကို အခြေခံရမည် ဖြစ်ပါကြောင်း
27-Apr-2017
အကောက်ခွန်အရာရှိများတွင် မည်သည့် ပစ္စည်းအတွက် အခွန် မည်မျှ ချမှတ်ရမည်ဟု ဆုံးဖြတ်ပေးရသော အခွင့်အရေး ပေးမထားပါ။ ဂျီအက်စ်တီ စနစ်ကြောင့် ပစ္စည်းမှန်သမျှ နှုန်းထား တစ်ခုတည်းကိုသာ ပေးရပါသည်။ တစ်ကမ္ဘာလုံးတွင် ဤစနစ်ကို အသုံးပြုသော နိုင်ငံ ၁၆၀ မျှရှိရာ ၎င်းတွင် အားသာချက် များစွာ ရှိသည်ဟု ယူဆနိုင်ပါသည်။
26-Apr-2017
ရခိုင်အရေးနှင့်ပတ်သက်လျှင် အများကြည်ညိုလေးစားရသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်ပင်လျှင် နိုင်ငံတကာ၏ ကြီးစွာသော အထင်အမြင် လွဲမှားမှုကို ခံစားရပါသည်ဆိုလျှင် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများမှာမူကား ဆိုဖွယ်မရှိတော့ပေ။
26-Apr-2017
မတူညီသော အမြင်အမျိုးမျိုး ရှိနေကြမည် ဖြစ်သော်လည်း စာရေးသူ တစ်ဦးတည်း၏ ရှုမြင် သုံးသပ်ချက်အရ တစ်နှစ်တာ ရန်ကုန်အစိုးရသည် အောင်မြင်သော Effective အစိုးရတစ်ရပ် မဖြစ်ခဲ့ပါ။ အလွယ်တကူ ရယူသင့်သော ရမှတ်တွေကိုပင် ရအောင် မယူနိုင်ခဲ့ပါ။ ပြည်သူတွေ ပျော်ရွှင် စိတ်ချမ်းမြေ့အောင် လွယ်လွယ်ကူကူ လုပ်နိုင်သည့် သင်္ကြန်ပွဲတော်ကြီး ဆွံ့အသွားခဲ့သည်။
25-Apr-2017
YBS နဲ့ပတ်သက်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အဆိုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ယခင့်ယခင်ကလို သွေးအေးနေလို့ ရကြတော့မယ့်အချိန် မဟုတ်လောက်တော့ပါဘူး။ သူ့အနေနဲ့ သူ့ရဲ့ ကိုယ်ပွားလို့ပဲဆိုဆို၊ သူ မအောင်မြင်ရင် သူတို့ မအောင်မြင်သလို ဖြစ်ရမယ်ပဲပြောပြော ပြောလို့ရနိုင်မယ့် YBS စနစ်အတွက်တော့ ရေရှည်ခရီးမှာ ခိုင်မာအားကောင်းပြီး အမှန်တကယ် ပြောင်းလဲလာတဲ့စနစ်ဖြစ်ဖို့ မဆုတ်မနစ် ကြိုးစားရုန်းကန်ရတော့မယ့် အခြေအနေပါ။
25-Apr-2017
ဒီနေ့ အရာရှိဆိုတဲ့လူတွေ ဆိုင်ကောင်းကောင်းမှာ နေ့စဉ်လိုလို စားသောက်နေတာတွေ၊ မိသားစုလိုက် သုံးစွဲနေတဲ့ အသုံးအဆောင်တွေ ဒါတွေဟာ တရားဝင် ခံစားခွင့်နဲ့ ရထားတာတွေလား၊ ဒါမှမဟုတ် အဂတိ တရားနဲ့ ချမ်းသာနေတာလား ဆိုတာတွေကိုလည်း ပြည်သူတွေက သိကြပါတယ်။ ဒါပေမဲ့ အရေးယူမယ့်သူတွေ၊ အရေးယူခွင့်ရှိသူတွေက မသိဟန်ဆောင်နေရင်တော့ဖြင့် အဲဒီအကျိုးဆက်ကို ပြည်သူတွေက ခေါင်းငုံ့ခံနေရုံသာ ရှိပါလိမ့်မယ်။
25-Apr-2017
လက်ရှိအစိုးရလက်ထက်တွင် ၂၁ ရာစုဟူသော အချိန်ပြပုဒ်သည် ၂၁ ရာစုပင်လုံကြောင့် အများပြည်သူများကြား၌ အထူး ရေပန်းစားလာသည်။ ဤတွင် ၂၁ ရာစုကို နားလည်ရန်အတွက် ၂၁ ရာစု၏ အဓိပ္ပာယ်၊ ယင်းရာစုတွင် ကြုံတွေ့လာနိုင်ဖွယ်ရှိသော စိန်ခေါ်မှု အခက်အခဲများ၊ အခွင့်အလမ်းများနှင့် လာလတ္တံ့သော အိုင်ဒီယာများကို ကြိုတင် လေ့လာကြည့်ရန် အပူတပြင်း လိုလာသည်။
24-Apr-2017
စင်ကာပူ တည်ထောင်စက ဘာပဲလုပ်လုပ် ကျွန်တော်တို့ကို အတုခိုး လုပ်ခဲ့ရာ ကျွန်တော်တို့ဆီက ဟောက်ဆင်းဘုတ် Housing Board ဟုခေါ်သော အိုးအိမ်ဦးစီးဌာနကို အတုယူခဲ့သလားတော့ မပြောတတ်ပါ။ စင်ကာပူကတော့ အောင်မြင်မှုတွေနှင့် ဆက်လက် ချီတက်နေသော်လည်း ကျွန်တော်တို့ဆီက အိုးအိမ်ဦးစီးဌာနကတော့ နာမည်ပျက်တွေ၊ ခြစားမှု သတင်းတွေနှင့် အလုပ်မဖြစ်တော့။
22-Apr-2017
မြန်မာ့ရိုးရာသင်္ကြန်ကို ရိုးရာလည်းမပျက် ခေတ်နှင့်လည်း ညီစေဟု အစွန်းမလွတ်၊ ချမ်းသာဆင်းရဲမရွေး စုံစုံလင်လင်ပျော်နိုင်၊ တီထွင်ဖန်တီးမှုများနှင့် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ဖြစ်စေပြီး မန္တလေး၏ဂုဏ်နှင့် မြန်မာ့သင်္ကြန်၏ ဂုဏ်ကိုလည်း မြင့်တက်အောင် ငွေကုန်ကြေးကျလည်း သိပ်မများစေဘဲ စီမံခန့်ခွဲပေးနိုင်သော မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြုပါသည်။ အကယ်၍ ပြည်ထောင်စုအဆင့်ကသာ တိုက်ရိုက်ကွပ်ကဲလျှင် ယခုလိုမျိုး လှလှပပ ထွက်ပါ့မည်လား ဆိုသည် မတွေးချင်ဘဲ တွေးရသည်။
20-Apr-2017
စာဖတ်ခြင်းအပေါ် တန်ဖိုးထားမှု လျော့ကျနေရုံမက စာကောင်းပေမွန်များလည်း တစ်နေ့ထက်တခြား ရှားပါးလာနေပြီးတော့ အင်တာနက်နဲ့ လူမှုကွန်ရက်ရဲ့ လွှမ်းမိုးဝါးမျိုခြင်းကို ခံနေရခြင်းကနေ ရုန်းမထွက်နိုင်ဖြစ်နေတဲ့ ရောဂါဆိုးကြီးကို ကုစားကြဖို့ ခေါင်းလောင်းထိုးအပ်ပါတယ်။
20-Apr-2017
၂၀၁၇ ဧပြီလမှ စတင်ကာ ကမ္ဘာ့နိုင်ငံရေး အခြေအနေသည် အလျင်အမြန် ပြောင်းလဲလာနေပါတယ်။ ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံများဟု သတ်မှတ်ထားသော အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မကျေလည်မှုများ ကြီးထွားလာနေပါတယ်။ ယခု ဧပြီလ အစောပိုင်းတွင် အမေရိကန်ဟာ ရုရှား၏မိတ်ဖက် ဆီးရီးယားနိုင်ငံအား ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြင့် နိုင်ငံတကာ တင်းမာမှု အရှိန်အဟုန်ကို အမြင့်ဆုံးအမှတ်သို့ ဆွဲတင်လိုက်တယ်။
09-Apr-2017
အမေရိကန် ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်ကြီး လမ်းလွဲနေသည်ကို သတင်းစာများက သတိတရား ရအောင် သတိပေး ရေးသားနိုင်ခွင့် ရှိကြပါသည်။ ခေါင်းဆောင်ကြီးကို ဝေဖန် အပုပ်ချထားသည့်တိုင် စာရေးသူတွင် ဥပဒ်အန္တရာယ်ဖြစ်လာရန် မရှိပါ၊ စောင်ရေ သန်းချီ၍ ပုံနှိပ်နေသော သတင်းစာကြီးကို သမ္မတလုပ်သူတွေ့ရ၊ ဖတ်ရမည်မှာ မလွဲပါ။
09-Apr-2017
ပါတီသစ်အနေနှင့် “ပါတီ”ဆိုသော အထိုင်နှင့် စတင်ရပါလိမ့်မည်။ ၉၀ ရွေးကောက်ပွဲ အကြိုကာလကလို “ပါတီ”ကိုပင် အထက်စီး အကျောကြီးဖြင့် “တပ်ပေါင်းစု”အမည်ပေးသည်မျိုး မလုပ်သင့် (နိုင်ငံရေးဆိုသည်မှာ ရိုးသားရမည်။) ပြီးပျောက်ဆုံးနေသော တပ်ပေါင်းစုလမ်းကြောင်းကို မဖြစ်မနေ အကောင်အထည် ဖော်ရပါလိမ့်မည်။ (ဤသည်ပင် ရှစ်ဆယ့်ရှစ်မျိုးဆက်၏ သမိုင်းပေးတာဝန်ဟု ထင်သည်။)
08-Apr-2017
အပြောင်းအလဲတွင် “စနစ်ပြောင်းလဲခြင်းနှင့် စိတ်ဓာတ်ပြောင်းလဲခြင်း” နှစ်ခုရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထိုနှစ်ခုလုံးတွင် ပြည်သူရော၊ အစိုးရရော ပါဝင်ရမည်။ စနစ်ပြောင်းလဲခြင်းသည် အစိုးရက ဦးဆောင်ရမည်။ ပြည်သူများက အစိုးရကို ကြောက်ဖို့မလိုကြောင်း အများက သိလာခြင်းသည် တိုးတက်မှုဟု သူကမြင်သည်။
08-Apr-2017
သင်္ကြန်ကာလ ပြီးဆုံး၍ မေလနှင့်ဇွန်လတွင် အရောင်းအဝယ်သည် နည်းပါးပါသည်။ သို့သော် ထို ၂ လအတွက် အရောင်းအဝယ် ပမာဏကို ဧပြီတွင် ရရှိခဲ့သဖြင့် အရောင်းအဝယ်သမားများ၊ လက်လုပ်လက်စားနှင့် ကုမ္ပဏီများအတွက် မသိသာလှပေ။ ၎င်းအတွေ့အကြုံက မြန်မာနိုင်ငံကဲ့သို့ သင်္ကြန်ပွဲတော်ရှိသော ထိုင်းတွင်လည်း အလားတူ အတွေ့အကြုံကို ခံစားရပါသည်။