News

POST SECTION

PERSPECTIVE

05-Jun-2020
မဲခွဲဆုံးဖြတ်တယ်ဆိုလို့ အဲ့ဒီနေ့ကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းရန်အဆိုအတွက် ပြည်သူ့လွှတ်တော်ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၉၅ မှာ ထောက်ခံဆန္ဒမဲပေါင်း ၁၃၂၊ ကန့်ကွက်ဆန္ဒမဲက ၂၄၃ နဲ့ ကြားနေမဲ ၅ မဲနဲ့ ရှုံးနိမ့်ခဲ့မှုကို စိစစ်တွက်ချက်ကြည့်မယ်ဆို ထောက်ခံဆန္ဒမဲပေါင်း ၁၃၂ မဲမှာ ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ နုတ်လိုက်ရင် ကျန်ရှိမှာ ၂၂ မဲဖြစ်တယ်။
05-Jun-2020
နိုင်ငံသားများအနေနှင့် အစိုးရ၏လုပ်ဆောင်မှုအတွက် တရားမျှတမှုပေးရန် တောင်းဆိုနိုင်ပြီး အစိုးရအနေနှင့် ၎င်း၏ကတိပြုထားမှုကို ဆောင်ရွက်ရန်ပျက်ကွက်ပါက အစိုးရအားအရေးယူနိုင်စွမ်းရှိခြင်းသည် တာဝန်ခံမှုဟုဆိုသည်။ နိုင်ငံသားများ၏ လိုအပ်ချက်များကိုဖော်ထုတ်ရန် နှင့် ဖြည့်ဆည်းရန် ကြိုးပမ်းခြင်းသည် နိုင်ငံတစ်ခုကို တာဝန်ယူမှုအဖြစ် သတ်မှတ်သည်။ တာဝန်ယူမှုသည် တာဝန်ခံမှုနှင့်မတူညီ။ သို့သော် အစိုးရတစ်ရပ်သည် နိုင်ငံသားများအပေါ် တာဝန်ခံမှုရှိလျှင် တာဝန်ယူမှု ပိုများသည်။
04-Jun-2020
လမ်းမတွေထက် သွားကြလာကြတဲ့အခါ နှာခေါင်းစည်းကို မေးချိတ် သူကချိတ်၊ ခါးကြားထိုးသူကထိုး၊ လက်ကကိုင်ထားသူကကိုင်ထားနဲ့ တချို့များဆို အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ တားမြစ်ချက်တွေ ဘယ် လောက်ပဲထုတ်ထားထုတ်ထား နှာခေါင်းစည်းမပါဘဲကို လမ်းထွက်လာကြတာဗျို့။ တချို့ဆို စုကာဝေးကာနဲ့ စကားလက်ဆုံများ ကျလို့။ အခမ်းအနားတွေကျင်းပလို့။ ခြောက်ပေခွာရမယ်၊ သုံးပေခွာရမယ်ဆိုတဲ့ Social Distancing ဆိုတာ နားထား။
04-Jun-2020
ကမ္ဘာပေါ်ရှိ နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအားလုံး အနည်းနှင့်အများ ရပ်တန့်သွားသည်။ အစိုးရလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်း ရပ်တန့်သွားသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများလည်း ရပ်တန့်သွားသည်။
03-Jun-2020
မေးခွန်းထုတ်စရာရှိတာတစ်ခုက ဒီရောဂါကြောင့် ဆိုးကျိုးတွေချည်းပဲရတယ်လို့ မကောင်းမြင်တဲ့ အမြင်နဲ့ပဲ ကြည့်ကြမလား။ အဆိုးထဲက အကောင်း ကောင်းကွက်လေးတွေလည်း ရှိပါလားလို့ အကောင်းမြင်တဲ့ရှုထောင့်က ရှာကြံကြည့်မလားဆိုတော့ အကောင်းမြင်တဲ့ရှုထောင့်ကနေ အချက်အလက်တချို့ကို ကျွန်မဆွဲထုတ်နိုင်ခဲ့တယ်။
03-Jun-2020
စင်စစ်အားဖြင့် သစ်ပင်၊ သစ်တောများသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရာတွင် အခြေခံ အကျဆုံးသော အရင်းအမြစ်များပင်ဖြစ်ပါသည်။ သစ်တောများနှင့် လွှမ်းခြုံ ထားသည့်ဒေသများတွင် ရေအရင်းအမြစ်များကို ထိန်းသိမ်းထားနိုင်သည်။ ထို့အပြင် ရာသီဥတုမှန်ကန်လာသောကြောင့် မိုးရေချိန်ပြည့်မီစွာရရှိပြီး သောက်သုံးရေအပြင် စိုက်ပျိုးရေကိုပါ ဖူလုံစွာရရှိလာစေမည်ဖြစ်သည်။ ထို့ကြောင့် ပြုန်းတီးသွားသော သစ်ပင်၊ သစ်တောများနေရာတွင် အစား ထိုးသစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စီမံချက်ဖြင့် စနစ်တကျစိုက်ပျိုး သွားသင့်ပါသည်။ အထူးသဖြင့် ယခုလို မိုးရာသီတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပြည်သူများကို စည်းရုံးသိမ်း သွင်းဆောင်ရွက်သွားသင့်ပါသည်။
02-Jun-2020
လုပ်ငန်းခွင်တွေအားလုံးအတွက်လည်း မိမိတို့လုပ်ငန်းသဘော သဘာဝနဲ့ညီမယ့် နည်းပညာတွေကို မဖြစ်မနေ အသုံးပြုလည်ပတ်ရပါလိမ့်မယ်။ လုပ်ငန်းချင်းတူရင်တောင် နည်းပညာသာတဲ့အလုပ်က တိုးတက်မှုပိုမြန်နိုင်ပါလိမ့်မယ်။ တစ်ဦးချင်းစီရဲ့အရည်အချင်းကို တိုင်းတာကြရင်လည်း ကိုယ့်အလုပ်ကို နည်းပညာနဲ့ ဘယ်လောက်ထိရောက်အောင် ချိတ်ဆက်နိုင်သလဲဆိုတာက အရေးကြီးလာနိုင်ပါတယ်။ ပုံမှန်ဆိုတဲ့အခြေအနေဟာ ဘာကိုခေါ်ပါသလဲ ...
02-Jun-2020
ဗုဒ္ဓဟောကြားတဲ့ စကားတွေကို တွေးဆ ချင့်ချိန်ကြည့်မယ်ဆိုရင် လူတစ်ဦးဟာ သူမြင်တာ၊ ကြားတာ၊ တွေ့တာ၊ သိတာတွေကို အမှန်အတိုင်း ပြောရမယ်လို့ တထစ်ချ မှတ်ယူမထားသင့်ဘူးလို့ ဆိုလိုပါတယ်။ အခြေအနေ ကိုကြည့်ပြီး ပြောသင့်မှ ပြောရမယ်လို့ ထောက်ပြထားတာပါပဲ။ မြင်တဲ့ အတိုင်း၊ တွေ့တဲ့အတိုင်း ပြောလိုက်ရလို့ အကျိုးမဲ့တာတွေ ဖြစ်လာမယ် ဆိုရင်တော့ မပြောဘဲနေရမှာပါ။
01-Jun-2020
“စိတ်ဓာတ်သေးသိမ်သူတွေကသာ အဖျင်းစကားပြောရတာ ဝါသနာပါတယ်”တဲ့။ ဒီလိုစိတ်ဓာတ်သေးသိမ်သူတွေရဲ့ကြားမှာ သူတို့ရဲ့ စကားလုံးတွေကို နားထောင်ပြီး ခံစားနေမယ့်အစား လူ့ဘဝကိုအကျိုးရှိရှိဖြတ်သန်းရင်း ကိုယ့်ဘဝကိုယ်မြှင့်တင်ကြမယ်ဆိုရင် ကျွန်မတို့ဘဝတွေဟာ တန်ဖိုးမြင့်လာကြမှာပါ။
01-Jun-2020
လက်ရှိ ထရမ့်ရင်ဆိုင်နေရတဲ့အခြေအနေက အရူးမီးဝိုင်းနေသလိုမျိုး။ ပြည်တွင်းမှာ ကိုဗစ်ရောဂါပျံ့နှံ့မှုကို (အလုံးစုံ) ထိန်းချုပ်နိုင်တဲ့အခြေအနေမျိုး မရှိသေးဘူး။ ကမ္ဘာပေါ်မှာ သေဆုံးသူအရေအတွက် တစ်သိန်းကျော်နဲ့ အများဆုံးဖြစ်နေတယ်။ အလုပ်လက်မဲ့ဖြစ်လာတဲ့ လူဦးရေက သန်း ၃၀ ကျော်။ စီးပွားရေးကျဆင်းမှုက သိသာ ထင်ရှားနေတယ်။
29-May-2020
ကိုဗစ်ကာလအတွင်း ကျန်းမာစွာနေထိုင်နိုင်ဖို့ အိပ်ချိန်၊ စားချိန် လည်းမှန်ဖို့ ဂရုစိုက်ရပါမယ်။ ကိုဗစ်ဟာ လူတွေရဲ့ကိုယ်ခံအားကို စမ်းသပ် နေတဲ့ရန်သူဆိုတာလည်း မမေ့သင့်ပါဘူး။ သင့်တော်တဲ့ကိုယ်လက်လှုပ် ရှားမှုကိုလည်း ပြုလုပ်သင့်ပါတယ်။
29-May-2020
ပြုပြင်ပြောင်းလဲမှုဆိုလို့ စိတ်သွားတိုင်းကိုယ်မပါနိုင်တာတွေကလည်း အများသားလား၊ ၂၀၁၅ နောက်ပိုင်းအခြေအနေကို ဘယ်လို ခိုင်းနှိုင်းသလဲဆိုတော့ ဒီမိုကရေစီနှင့် ဒီမိုကရေစီမဆန်သော အရာများကို ရောနှောထားသော စပ်ကြားနိုင်ငံရေးစနစ်ဖြစ်ထွန်းမှုလို့ ဆိုသဗျ၊ အထူးသဖြင့် နိုင်ငံအတွင်းရှိ အစုအဖွဲ့များ၏ အကွဲအက်ကြောင်းများက ပိုအရှိန်ရလာလို့နေတယ်။
28-May-2020
ဒီလိုတွေမဖြစ်အောင်လည်း အစကောင်းဖို့လိုသလို ပြည်သူ့ဆန္ဒတွေနဲ့ မကိုက်ညီဘဲ အငြင်းပွားမှုတွေဖြစ်လာမှ နောက်ကလိုက်ပြီး ပြည်သူ့ဆန္ဒနဲ့အညီ ပြန်လည်ဆောင်ရွက်ပေးကြရတယ်ဆိုတာလည်း အမှန်က မဖြစ်သင့်ပါဘူး။ အမှန်က ဒီလိုဖြစ်လာတယ် ဆိုတာကလည်း မူဝါဒ၊ အမိန့်ချမှတ်တဲ့အစိုးရဘက်မှာသာ အမှားရှိတာမဟုတ်ဘဲ ပြည်သူတွေအပိုင်းမှာလည်း အားနည်းချက်တွေ ရှိခဲ့ကြမှာပါ။
28-May-2020
"ဒီလိုပြောတာက ကျွန်တော်တို့အားလုံး အသိ သတိကိုယ်စီနဲ့ အချင်းချင်းစာနာ နားလည်မှုနဲ့ ဒီရောဂါကပ်ဘေးကို အတူတူ ကာကွယ်စေချင်လို့ပါ"
27-May-2020
စိတ်မကောင်းစရာကတော့ ယခုနှစ်နွေရာသီမှာ ကိုဗစ်-၁၉ ကပ် ရောဂါကြီးလည်း ဖြစ်ပွားနေတာကြောင့် ပြည်သူတွေဟာ မမြင်ရတဲ့ကပ် ရောဂါနဲ့ စစ်ခင်းနေရတဲ့အပြင် ပြင်းထန်တဲ့အပူချိန်ကိုလည်း ကြံ့ကြံ့ခံ အန်တုနေကြရပါတယ်။ အဲဒီလိုအပူချိန်ကို အန်တုရာ၌ လျှပ်စစ်မီးရရှိတဲ့ နေရာတွေမှာတော့ ငွေကြေးတတ်နိုင်တဲ့သူတွေဟာ အဲယားကွန်း၊ လေအေး ပေးစက်၊ ပန်ကာတို့နဲ့ အပူဒဏ်သက်သာအောင် အထိုက်အလျောက် လုပ်ဆောင်နိုင်ပေမယ့် ကျေးလက်ဒေသရှိ ပြည်သူတွေကတော့ သဘာဝ သစ်ရိပ်၊ ဝါးရိပ်နဲ့ ယပ်တောင်ကိုသာ အားကိုးနေကြရပါတယ်။ စိတ်မကောင်း စရာပါပဲ။ မိုးမြန်မြန်ရွာဖို့ကိုပဲ မျှော်နေကြရပါတယ် ...