05-Jul-2016
င်ငံရေး ... ပိုပြီးရှင်းအောင်ပြောရရင် နိုင်ငံ့အရေးကို ကျွန်မ စိတ်ဝင်စားပါတယ်။ “အထက်တန်းစား ရေ” ဝတ္ထုကို ရေးခဲ့တာဟာလည်း ကျွန်မလုပ်နိုင်တဲ့ နိုင်ငံ့အရေးတစ်ခုကို လုပ်ခဲ့တာပါပဲ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်သူ အတွက် ခံစားလာရလို့ ကျွန်မ ဒီဝတ္ထုကို ရေးခဲ့တာပါ။ “ခံစားချက်” ကို စိတ်ရင်းလို့ အဓိပ္ပာယ်ဖွင့်မယ် ဆိုရင်တော့ ကျွန်မ စိတ်ရင်းစေတနာ မှန်ကန်စွာနဲ့ ဒီဝတ္ထုကို ရေးပါတယ်။ ဒီဝတ္ထုရေးဖို့အတွက် ဥပဒေစာအုပ်တွေ ဖတ်ခဲ့ပါတယ်။