14-Jul-2016
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က မဘသအဖွဲ့ကို အသိအမှတ်မပြုကြောင်း၊ မဘသအဖွဲ့၏ ကြေညာချက်ကို ကန့်ကွက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် ချက်ချင်းဆိုသလိုပင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုမှုအပေါ် ကန့်ကွက်ဆန္ဒပြမည် မဟုတ်ကြောင်း မဘသ က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းအချက်ကိုကြည့်လျှင် မဘသ ၏ တုံ့ပြန်မှုမှာ မူလကြေညာချက်နှင့် မတူဘဲ များစွာ ပျော့ပျောင်းသွားသည့်အပြင် ဒီမိုကရေစီ၏ အခြေခံသဘောထားကို အသိအမှတ်ပြုသည့် အချက်ကိုပါ ထည့်သွင်းထားသည့် အတွက် ၎င်းတို့ထံတွင် မည်သို့ ရည်ရွယ်ချက် ရှိသည် မသိနိုင်သော်ငြား ငြိမ်းချမ်းရေးကို ဦးတည်သော တုံ့ပြန်ချက်ဟု ကောက်ချက်