11-Jan-2021
သို့သော် မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုအဆင့်လွှတ်တော် နှစ်ရပ်ဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ တတိယ အကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးများကိုမူ လာမည့် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် စတင်ကျင်းပရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၄ (ခ) အရ လက်ရှိလွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသူများက ထုတ်ပြန် ကြေညာခေါ်ယူထားခဲ့ပြီးလည်း ဖြစ်သည်။ အကြောင်းမှာ ထိုလွှတ်တော် ဥက္ကဋ္ဌများမှာလည်း မခေါ်၍ မဖြစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ကျော်သွား လျှင် ရွေးကောက်ပွဲ ပြုလုပ်ပြီးသည်မှာ ရက်ပေါင်း ၉၀ ကျော်သွားပါကဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဖောက်ဖျက်ရာ ရောက်တော့မည်။ သို့အတွက် ပြည်ထောင်စုအဆင့်လွှတ်တော်များဖြစ်သည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး/ပြည်နယ်လွှတ်တော် ၁၄ ရပ် ပေါင်း ၁၇ ရပ်အတွက် ထိုလွှတ်တော် များ၏ သက်တမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၄(က) နှင့် ၁၆၈ တို့အရ စတင်ရေတွက်မည့် ပြည်သူ့လွှတ်တော်၏ ပထမဦးဆုံးအစည်း အဝေးကိုဖြင့်မူ ဖေဖော်ဝါရီ ၅ ရက်မတိုင်မီ မဖြစ်မနေ ကျင်းပကြရခြင်းဖြစ် သည်။ ဆိုလိုသည်မှာ ပြည်သူ့လွှတ်တော်ကို ဖေဖော်ဝါရီလ တစ်ရက်နေ့ တွင် စတင်ကျင်းပထားခြင်းဖြင့်ပင် ကျန်လွှတ်တော် ၁၆ ရပ်၏ သက်တမ်း များလည်း ထိုရက်ကပင် စတင်နေသည်ဟုပြောလိုရင်းဖြစ်သည်။