News

27-Jun-2017
စာရေးဆရာ လုပ်သည်ဖြစ်စေ၊ သတင်းစာဆရာ လုပ်သည်ဖြစ်စေ၊ သီချင်းရေးသည်ဖြစ်စေ၊ အခြားအနုပညာ တစ်ခုခုကို ဖန်တီးသည်ဖြစ်စေ မိမိ၏ အလုပ်၊ တစ်နည်းအားဖြင့် Product သည် မိမိ၏ စွမ်းဆောင်ရည်ကို ဖော်ကျူးသော Presentation တစ်ရပ်ဖြစ်ပေရာ မိမိအခွင့်အရေးလည်း မထိခိုက် တစ်ပါးသူ၏ အခွင့်အရေးလည်း မပွန်းပဲ့စေသော Presentation မျိုး ဖန်တီးနိုင်ရေးသည် မြန်မာ့လူ့ဘောင်အတွက် အသင့်လျော်ဆုံးဖြစ်သည်
27-Jun-2017
တစ်ခုရှိတာက အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ အများဆန္ဒနဲ့ ဆုံးဖြတ်ချက် ရယူတာ မဟုတ်ဘဲနဲ့ သဘောမတူတာရှိရင် သဘောတူညီမှု ရရှိတဲ့အထိ အလျှော့အတင်း အပေးအယူနဲ့ အကျေအလည် ညှိနှိုင်းဆွေးနွေးကြတာ ဖြစ်တဲ့အတွက် ပိုမိုပြီးတော့ ခက်ခဲနက်နဲ သိမ်မွေ့တာ ဖြစ်ပါတယ်။
27-Jun-2017
ဆိုလိုသည်မှာ မြန်မာတစ်ဦးသည် မြန်မာလို ဖွဲ့နွဲ့ရေးသားထားသည့် အကြောင်းအရာတစ်ခု၏ အနက်အဓိပ္ပာယ်ကိုမျှ နားမလည်ဘူးဆိုလျှင် စာဖတ်အား နည်းနေသည်ဟု ကောက်ချက်ချနိုင်ပါသည်။
27-Jun-2017
နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့အတွက် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ခေတ်မီသော အဆောက်အအုံကြီးများ၊ မိုးပျံနှင့် မြေအောက်ရထားများ မရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည်ဟု ဆို၍ရသော်လည်း “သန့်ရှင်းသပ်ရပ်မှု”ချင်း ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံကြီးသားနှင့် မြို့ကြီးသား ပီသသူဦးရေ မည်မျှ ရှိသနည်းဟူသည်နှင့်သာ သက်ဆိုင်ပါလိမ့်မည်။
26-Jun-2017
တရားဝင် ထုတ်ဝေဖြန့်ချိလျက်ရှိသော သတင်းမီဒီယာကြီးတစ်ခုမှ တာဝန်ရှိပုဂ္ဂိုလ်ကို သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်အရ တရားစွဲဆိုခြင်းမပြုဘဲ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယခုကျတော့မှ တရားရုံးသတင်းရယူရာတွင် သတင်းမီဒီယာသမားများ လိုက်နာရန်အချက်များဆိုပြီး သတင်းမီဒီယာဥပဒေပါ စည်းကမ်းချက်တွေကို ကိုးကားဖော်ပြနေသည်။
26-Jun-2017
အနိမ့်ဆုံးအဆင့်အနေနဲ့ကတော့ ရှေ့တစ်ဆင့် ဆွေးနွေးပွဲတွေ မစနိုင်သေးရင်တောင် လောလောဆယ် ဒုက္ခသည် ထပ်တိုးမလာစေရေး၊ IDP တပ်တိုးမလာစေရေးအတွက် အစိုးရနဲ့ တပ်မတော်ဘက်က ချက်ချင်း အရေးယူ ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။
25-Jun-2017
မည်သူမျှ မကြုံချင်သော ပြဿနာများ၊ တစ်နည်းအားဖြင့် ပွတ်တိုက်မိမှုများမှာမူ အသွင်ကူးပြောင်းဆဲ မြန်မာ့ဒီမိုကရေစီ ရင့်ကျက်တည်ငြိမ်မှုရှိလေ (တစ်မျိုးဆိုပါက ဒီမိုကရေစီ အလေ့အကျင့်များနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိလေ) လျော့ပါးသွားလေသာ ဖြစ်ပါလိမ့်မည်
25-Jun-2017
အခုဆို အမတ်တချို့က သူတို့ ဘယ်နယ်က အရွေးခံခဲ့လဲ ဆိုတာတောင် မေ့နေကြပြီ ဆိုလားပဲ။ အဲ့တော့ သူ့ကို မဲပေးခဲ့တဲ့နယ်ကို မရောက်ဖြစ်တာလည်း မဆန်းတော့ဘူး။
25-Jun-2017
မမှန်ကန်တဲ့ နည်းလမ်းတွေသုံးပြီး ယှဉ်ပြိုင်မယ်ဆိုရင် အနိုင်ကို ခဏတစ်ဖြုတ်တော့ရမှာ ဖြစ်ပေမယ့် သူတို့ဟာ ဂန္ထဝင်မမြောက်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူတွေ အဖြစ်သာရှိမှာ ဖြစ်တယ်။
24-Jun-2017
မြန်မာ့စီးပွားရေး လက်ရှိအခြေအနေသည် မည်သည့်ဘက်သို့ ပြောင်းသည်ဖြစ်စေ အပြောင်းအလဲကြီးတစ်ရပ်သို့ တာစူနေသည်။ မပြောင်းလျှင်လည်း မရတော့။ ၂၀၁၇ တွင်မှ မြန်မာ့စီးပွားရေး စမလှုပ်လျှင် နောင်နှစ်များအတွက် နောက်ကျသွားမည်။ ငြိမ်းချမ်းရေးသည် တိုးတက်မှုအချို့ ရှိသော်လည်း ညှိကြနှိုင်းကြရဦးမည်ဖြစ်ရာ စီးပွားရေးသည်သာ မျှော်လင့်ချက် ထွက်ပေါက် ဖြစ်သည်။
24-Jun-2017
ဝါသနာ၊ စေတနာ၊ အနစ်နာ ထိုသုံးဖြာနှင့် ပြည့်စုံလျှင် ဘယ်အလုပ်လုပ် ထွန်းပေါက်မည်။ ယင်းသုံးဖြာတွင်လည်း ဝါသနာသည် အခေါင်အချုပ်။ ဝါသနာပါသော အလုပ်၊ ပညာရပ်၊ နယ်ပယ်သာဆိုလျှင် စေတနာပိုမည်။ စေတနာပိုလျှင် အနစ်နာခံနိုင်သည်။ မည်မျှပင်ပန်းပင်ပန်း သည်းခံနိုင်သည်။ အလုပ်အရည်အသွေး ပိုကောင်းရန် ကာယအား၊ ဉာဏအား ပိုထည့်မည်၊ အချိန်ကုန်သည်ကို သိပင်သိလိုက်မည် မဟုတ်။ ထို့ကြောင့် ကျောင်းရွေးရမည်ဆိုလျှင် ဝါသနာပါရာကို ဦးစားပေး ရွေးစေလိုသည်။
24-Jun-2017
‘ဟိုဘက်ကကြည့်လျှင် သည်ဘက်နှင့် နီးစပ်သည်၊ သည်ဘက်ကကြည့်လျှင် ဟိုဘက်နှင့် ပင်းသည်’ ဟု အထင်ခံရခြင်းသည် အလယ်တည့်တည့်ရပ်သော သတင်းမီဒီယာတို့၏ ဂုဏ်အင်္ဂါရပ်ဟုဆိုလျှင် The Voice သည် လမ်းမှန်ပေါ်တွင် လျှောက်လှမ်းနေသည်။ ယင်းသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေလည်း ဖြစ်သည်။