News

07-Jan-2018
“ကျွန်တော် နားလည်ပေးတာထက် သူ နားလည်ပေးတာက ပိုများပါတယ်” - ငှက်ပျောကြော် “သူက ကိုယ့်ကို တအားချစ်တာကိုတော့ သိတယ်” - နေဇာဘုန်းမြင့်
07-Jan-2018
ချွေတာရေး နိုင်ငံတော်ကြီးကား စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်ပါ အလွန် ချွေတာသဖြင့် အိမ်နီးချင်း နိုင်ငံများကပင် ကျော်တက်သွားကြလေပြီ။ သဘောကောင်းလေစွ။
07-Jan-2018
အရေးအကြီးဆုံးက အဲဒီလိုဆိုးသွမ်းတဲ့ အာဏာပိုင်တွေကို မဖော်ထုတ်ဘူး၊ အရေးယူနိုင်အောင် မတိုင်တန်းဘူးဆိုရင် လူဆိုးတွေမင်းမူတာကို ခေါင်းငုံ့ခံရတဲ့ဘဝရောက်သွားပြီး ဒီမိုကရေစီဆိုတာလည်း အခေါ်အဝေါ်တစ်ခု သက်သက်သာဖြစ်နေမယ်ဆိုတဲ့အကြောင်း သတိပေးလိုတာပဲဖြစ်ပါတယ်။
05-Jan-2018
လက်ရှိအချိန်တွင် ရခိုင့်နိုင်ငံရေးနှင့် ခေါင်းဆောင်များ၏ အကွဲအပြဲသည် ပိုမိုအရှိန်ကောင်းလျက် ရှိနေသည်။ လစ်ဘရယ်သမားများ၊ ဒီမိုကရေစီများနှင့် ကွန်ဆာဗေးတစ်များ၊ မျိုးချစ်များ၏ အားပြိုင်မှုသည် နှစ်သစ်နှင့်အတူ အားသစ်လောင်းလျက် ရှိနေသည်။
05-Jan-2018
မီဒီယာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် တန်ဖိုးမရှိသလို အရေးမပါသလို တွေးခေါ်ခြင်း ပြောဆိုခြင်း ရှိမယ်ဆိုရင် ဒါဟာ သဘောတရား မကျေညက်ခြင်းဖြစ်သလို အတွေးအခေါ် မရင့်ကျက်ခြင်းလည်း ဖြစ်ပါတယ်။ အမှန်တော့ နိုင်ငံရေးစနစ် ကောင်းကောင်းတစ်ခုကို ရရှိပိုင်ဆိုင်ဖို့ ပြန်လည် ထူထောင်နေရတဲ့ နိုင်ငံတော်တစ်ခုမှာ ရှိသမျှမဏ္ဍိုင်များအားလုံးက အင်အားချည့်နဲ့နေကြတာချည်းပါ။
05-Jan-2018
မြန်မာ့ပထမဆုံး အလွတ်စုံထောက်များအနေနှင့် ရှားလော့ဟုမ်းနှင့် ဆားပုလင်းနှင်းမောင်ဝတ္ထုများထဲကလို စိတ်ကူးယဉ်မဟုတ်ဘဲ အမှန်တကယ် ဇာတ်အိမ်နက်လှသည့်ပြဿနာ ကြီးများနှင့်လည်း မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်ကို အထူးသတိပြုစေလိုသောကြောင့်ပင် ဖြစ်ပေသည်။
04-Jan-2018
မြန်မာသတင်းမီဒီယာလောကရဲ့ဖြစ်စဉ်မှာ ရုတ်တရက် ရရှိလာတဲ့ သတင်းလွတ်လပ်ခွင့်အပေါ် တလွဲသုံးတာ၊ ကျင့်ဝတ်နဲ့မညီတာ၊ ပရော်ဖက်ရှင်နယ် မဖြစ်တာ၊ အဝါရောင် သည်းခြေကြိုက်၊ ဖွလုံး ခြောက်လုံး၊ ဟန့်လုံး ပုံကြီးချဲ့ သတင်းများနဲ့ သတင်းမီဒီယာရေစီးဟာ အုတ်အရောရော ကျောက်အရောရော ဖြစ်လာခဲ့တဲ့အပေါ်မှာ လက်ရှိအစိုးရက ယုံကြည်မှုကျဆင်းသွားခဲ့တာလား မသိနိုင်ပါ။
04-Jan-2018
စင်စစ်ကျောင်းထွက်သွားရသည့် ကလေးများ၊ ကျောင်းနေခွင့် မရနိုင်သေးသည့် ကလေးများတွင် အပြစ်မရှိပေ။ ယင်းကလေးများသည် ကျောင်း၊ နေအိမ်တွင် ဆော့ကစားနေရမည့်အရွယ်ဖြစ်ရာ ကျောင်းကြိုပို့ကားများမြင်တိုင်း၊ အဖြူအစိမ်း ကျောင်းဝတ်စုံမြင်တိုင်း စိတ်ဒဏ်ရာ တစ်ခုမဟုတ်တစ်ခု ရနေမည်သာ ဖြစ်သည်။
04-Jan-2018
မြန်မာ့လွတ်လပ်ရေး ဋီကာကို မည်သို့ပင် ချဲ့ကားနိုင်သည်ဖြစ်စေ မြန်မာနိုင်ငံတွင်ရှိသူ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး စည်းလုံးညီညွတ်မှု မရှိသေးသရွေ့၊ တစ်နည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အယုံအကြည်မရှိသေးသရွေ့ အတောင် မစုံသေးသည့် ချိုးဖြူငှက်ကို အပျံသင် ခိုင်းနေသကဲ့သို့ပင် ရှိနေမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း
04-Jan-2018
တောင်ဇလပ်နီသည် ချင်းပြည်နယ်၏ သင်္ကေတ။ မှိုင်းမောလွမ်းဆွေးဖွယ်ရာ ချင်းတောင်တန်းနှင့် တောင်ဇလပ်နီသည် ခွဲမရ ဒွန်တွဲနေသည်။ ထို့အတူ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု။ ချင်းပြည်နယ်မရှိဘဲ မြန်မာနိုင်ငံ အဓိပ္ပာယ် မရှိနိုင်သကဲ့သို့ တောင်ဇလပ်နီတို့ ဆိတ်သုဉ်းကုန်သော ချင်းပြည်နယ်သည်လည်း အဓိပ္ပာယ် မပြည့်စုံနိုင်ပြန်။
03-Jan-2018
ယေဘုယျ ခြုံပြီးပြောရရင်တော့ ဥပဒေ၊ နည်းဥပဒေတွေကို စိတ်ဝင်တစား လေ့လာပြီး သမာသမတ်ကျကျ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ ကြီးကြပ်ရေးအဖွဲ့တွေ ရှိတဲ့နေရာဆိုရင်တော့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးတဲ့အထိ ဘာပြဿနာမှမရှိဘဲ အဆင်ပြေပြေနဲ့ ဆောင်ရွက်နိုင်သွားတာကို တွေ့ရပါတယ်။ လုပ်ငန်း မကျွမ်းကျင်လို့ပဲဖြစ်ဖြစ်၊ ကျွမ်းကျင်နားလည်ပါလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး လက်တစ်လုံးခြားစနစ်နဲ့ ဘက်လိုက်တဲ့နေရာမှာဖြစ်ဖြစ် တိုင်ကြတောကြနဲ့ အရာရာနဲ့ အကြောင်းကြောင်းချည်း ဖြစ်ကုန်ကြရော။
03-Jan-2018
ဗုဒ္ဓဘာသာ အများစုရှိရာ မြန်မာနိုင်ငံမှ သံဃာတော်များသည် စစ်မှန်သည့် ငြိမ်းအေးမှုကို ရနိုင်သည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို လူသားအားလုံး နားလည်သဘောပေါက်စေရန် နည်းမှန် လမ်းမှန်ဖြင့် ကြိုးပမ်း နေသူများသာ ဖြစ်ကြောင်းနှင့် ယင်းအချက်ကို ကမ္ဘာ့နိုင်ငံများ လက်ခံယုံကြည်လာစေရန် ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသား အားလုံးက သက်သေပြကြရမည် ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။
03-Jan-2018
ထို့အပြင် ပြန်လည် လက်ခံကြရမည့် လူစာရင်းဦးရေမှာလည်း အမျိုးမျိုး ကွဲပြားပြီး တစ်နေ့တခြား တိုးပွားလာလျက်ရှိရာ ထိုအရေးမှာ နှစ်ကာလ ကြာရှည်ပြီး အစိုးရသက်တမ်း ကုန်သည့်တိုင် ပြီးဆုံးသွားမည့်ကိစ္စ ဖြစ်လာမည် မဟုတ်ဟုလည်း သုံးသပ်ရသည်။
03-Jan-2018
“ဒီအလုပ်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမယ်၊ ဘယ်လိုလုပ်ကြမလဲဆိုပြီး ပြောကြဆိုကြတာမျိုးတွေတော့ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့နှစ်ယောက်မှာ ရန်ဖြစ်တာမျိုးလည်းမရှိဘူး။ ”