News

12-Jul-2017
သို့ပါ၍ အာဏာရ ပုဂ္ဂိုလ်များသည် အာဏာရှင်ဘီလူး တော်လှန်ရေးသမားဘဝနှင့် မပြီးပေ။ “အပူဇော်ခံ ရုက္ခစိုး” ဖြစ်အောင် ကြိုးစားရပေမည်။ နည်းလမ်းက ရှိပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းကို အခြေခံသည့် ပုဂ္ဂလိကဝါဒ ထွန်းကားဖို့ ဆောင်ရွက်ပါ။ တစ်ဦးချင်းအနေနှင့်အပေါ် အတွေးအခေါ် ဆင်ခြင်၊ သုံးသပ်၊ ဆုံးဖြတ်ပါ။
12-Jul-2017
ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ပင်က တိုင်းပြည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် သူဌေးဖြစ်လာသူ အားလုံးသည် အုပ်ချုပ်သော အစိုးရအပေါ်တွင် အရာခပ်သိမ်း သစ္စာရှိကြလိမ့်မည်ဟု ပြော မသွားခဲ့ပါ။ မြန်မာဆိုရိုးတစ်ခုတွင်မူ “မင်းသားကြီး မလုပ်ရရင် ပတ်မကြီးကို ထိုးဖောက်မှာပဲ”ဟူသော စကားပုံတစ်ခု ရှိခဲ့ပါသည်။
12-Jul-2017
ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ အသိပညာပေး ခြင်း၊ ခြင်လောက်လန်း နှိမ်နင်းခြင်း၊ ခြင်ဆေးဖျန်းခြင်း။ ခြင်ဆေးမှုတ်ခြင်း၊ ပိုးလောက်လန်း သေစေတဲ့ ဆေးခတ်ခြင်းစတဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ လိုတယ်။
11-Jul-2017
တရားသူကြီး လုပ်သည်ဖြစ်စေ၊ ရှေ့နေလုပ်သည်ဖြစ်စေ၊ ဆရာဝန် လုပ်သည် ဖြစ်စေ၊ အင်ဂျင်နီယာ လုပ်သည်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် လုပ်သည်ဖြစ်စေ၊ စစ်သားလုပ်သည်ဖြစ်စေ၊ ရဲအမှုထမ်း လုပ်သည်ဖြစ်စေ ဖြည့်ဆည်းသင့် ဖြည့်ဆည်းအပ်သော အသိပညာများကို အမှန်တကယ် ပြည့်ဝအောင် ဖြည့်ဆည်း ထားနိုင်ခဲ့ခြင်းမရှိပါက အနှစ်မပြည့်သေးသည့် စပါးနှံများကဲ့သို့ ထောင်လွှားနေနိုင်သည့် သဘောတွင်ရှိကြောင်း သတိပြုစေလိုရင်း
11-Jul-2017
ဘယ်သူမှ သင်ပေးစရာ မလိုဘဲ မြန်မာလူမျိုးတွေ လိုက်နာရမယ့် အခြေခံ လူမှုကျင့်ဝတ်ဖြစ်တဲ့ ပြည်သူ့နီတိကိုတောင် မလိုက်နာနိုင်ကြသေးဘူး ဆိုရင် ရှေ့လျှောက် ဘယ်လို ခရီးဆက်ကြမှာလဲ။ ဒါ့ထက် အရေးပါတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ဘယ်လို ပြောင်းလဲမှုတွေနဲ့ တည်ဆောက်ကြမှာလဲ
10-Jul-2017
နိုင်ငံကောင်းမှ ဝန်ထမ်းကောင်းမည်ဖြစ်စေ၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်စေ နိုင်ငံနှင့် ပြည်သူ၏အကျိုးကို အမှန်တကယ် ရှေးရှုမည့် သားကောင်းများ မွေးထုတ်ပေးနိုင်မည့် စနစ်ကောင်းတစ်ရပ် အခိုင်အမာသန္ဓေ တည်နိုင်ရန် ဦးစွာ အရေးကြီးသည်ဖြစ်ရာ အားလုံးက တာဝန်သိစွာဖြင့် ကူညီပံ့ပိုးကြရမည့်အကြောင်း ဖော်ပြလိုရင်း
10-Jul-2017
မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ သမိုင်းနောက်ခံ၊ မတူကွဲပြားတဲ့ တိုင်းရင်းသားမျိုးစုံနဲ့ တပ်မတော်ရဲ့ အစဉ်အလာတွေကြောင့် အနောက်တိုင်း ဒီမိုကရေစီလို သွားလို့မဖြစ်ဘူး။ မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ပုံစံနဲ့ သွားမှရမယ်လို့ ပြောဆိုနေကတည်းက ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကနေ နည်းနည်း လွဲချော်နေတဲ့သင်္ကေတ ဖြစ်ပါတယ်။
10-Jul-2017
ကျွန်တော်တို့တိုင်းပြည် ပြန်လည်ထူထောင်ရေး အတွက် ကမ္ဘာကျော် Development Expert ဘကြီးဆီမှ အလွန် ကြီးကျယ်ထက်မြက်တဲ့ Economic Policy ကြီးကို ကြားရတော့ မယ်လို့ မျှော်လင့်ထားမိတဲ့ ကျွန်တော်ဟာ အတော်ကိုစိတ်ပျက်သွား ပါတယ်။ အဲဒါနဲ့ မပြီးသေးဘူး သူက ဆက်ပြီးတော့ “ခက်တာက ငါတို့ လူမျိုးက ဘိုးဘိုးအောင်ကိုမျှော်တယ်။ နေ့ချင်းညချင်း ပြောင်းလဲချင် တယ်၊ ကြီးပွားချင်တယ်။ ဒါပေမဲ့ Economics မှာ ဘိုးဘိုးအောင်မရှိ ဘူးကွ၊ တဖြည်းဖြည်း ကြိုးစားလုပ်သွားမှရတာ”
09-Jul-2017
မည်သို့ပင်ဆိုစေကာမူ နိုင်ငံသစ် တည်ဆောက်ရေးဟူသည့် မဖြစ်မနေ လုပ်ဆောင်ရမည့်ကိစ္စတွင် ဂိုဏ်းဂဏကိစ္စကို ခွဲခြားစဉ်းစားပြီး အမုန်းတရားများ အဆုံးသတ်နိုင်မည့် နည်းလမ်း ရှာဖွေနိုင်လေ အမှန်တကယ် တိုးတက်ဖြစ်ထွန်းမှုများ ရှိလေသာဖြစ်မည်ကို ဖော်ပြလိုရင်း ဖြစ်ပေသည်။
09-Jul-2017
ဘာပဲဖြစ်ဖြစ် အရင်တုန်းက စကားတွေ သတိရသည်။ ရွေးကောက်ပွဲပြီးခါစက ဖြစ်သည်။ အစိုးရသစ်တက်ရင် နိုင်ငံခြားက မြန်မာတွေ ပြန်လာမည်။ ဦးနှောက်ယိုစီးမှု မဖြစ်တော့။ မြန်မာတွေ ပြန်လာရင် အဲ့နိုင်ငံတွေ ဒုက္ခရောက်မည်။ အလုပ်လုပ်မယ့်လူ မရှိတော့လို့...။ စသည်ဖြင့်...။
08-Jul-2017
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးတွင် လူထိခိုက် သေဆုံးမှု အများဆုံးဖြစ်စေခဲ့သည့် YBS ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို မြောက်ဥက္ကလာပဆေးရုံနှင့် အင်းစိန်ဆေးရုံတွင် ဆေးဝါးကုသပေးလျက်ရှိရာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးဝါးကုသမှု အခြေအနေကို ဆေးရုံအုပ်ကြီးနှင့် မိသားစုဝင်များကို တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
08-Jul-2017
ဘဝအတွက် အင်မတန် အရေးကြီးတဲ့ တက္ကသိုလ်တွေဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ရတဲ့ နေရာလို့ ခံယူထားတဲ့သူတွေ များလာလေ တိုင်းပြည်မှာ အကြီးအကျယ် ထိခိုက်နစ်နာရလေ ဆိုတာကို သတိပြုစေချင်တာပါ
08-Jul-2017
အထူးသဖြင့် စတုတ္ထမဏ္ဍိုင် တာဝန်ယူထားရသော မီဒီယာတွေက အမြဲတမ်း ဝေဖန်သုံးသပ်မှုတွေ ရှိနေပါမည်။ တစ်ခါတစ်ရံ ထိုဝေဖန်မှုတွင် မပြည့်စုံမှုတွေ၊ အမှားတွေလည်း ပါဝင်ကောင်း ပါဝင်လာနိုင်သည်။ ထိုအခြေအနေမျိုးတွင် မည်သို့တုံ့ပြန်မည်ဆိုသည့် သဘောထားခံယူချက်က ပို၍အရေးကြီးသည်။