News

27-Jul-2017
နိုင်ငံနှင့် နိုင်ငံသားများကို အကာအကွယ်ပေးနေသူများ မည်သူနည်းဟုဆိုလျှင် အတော်များများက လက်နက်ကိုင်ထားသူများကို မေးငေါ့ကြမည် ဖြစ်သော်လည်း အမှန်တွင် နိုင်ငံသားများ၏ နိစ္စဓူဝ စားရေး၊ သောက်ရေး ကိစ္စ၌ သေမင်းဆီသို့ အနှေးနှင့်အမြန် ဆွဲခေါ်မည့် အစားအသောက်များကို ကြပ်မတ်ပေးနေသူများလည်း သေနတ်ကိုင်သူများနှင့် တန်းတူရည်တူ အဆင့်တွင် ရှိသည်
26-Jul-2017
ဒီတော့ အကြမ်းဖျင်း သုံးသပ်ကြည့်ရရင် ဥပဒေဆိုတာ လူအများစု လိုက်နာနိုင်ဖို့ လိုတယ်။ ပြဋ္ဌာန်း သတ်မှတ်ပြီးပြီဆိုရင်လည်း အသက်ဝင်ဖို့ လိုတယ်။ အသက်ဝင်တဲ့ နေရာမှာလည်း မျှတမှု မရှိတာ၊ လိုရင်လိုသလို မလိုရင်မလိုသလို ကျင့်သုံးနေကြမယ်ဆိုရင် တရားဥပဒေ စိုးမိုးမှု ပျက်ပြားနေပြီလို့ ယူဆနိုင်ပါတယ်။
25-Jul-2017
လူ့အခွင့်အရေး ကိစ္စသည် ကမ္ဘာတည်သရွေ့ နိုင်ငံတိုင်းက အလေးထားရမည့်ကိစ္စ ဖြစ်သော်လည်း နိုင်ငံတိုင်းကို တစ်ခုတည်းသော စံချိန်စံနှုန်းဖြင့် အကဲဖြတ်၍ရမည် မဟုတ်ကြောင်းနှင့် အယူဝါဒမျိုးစုံ ထိပ်တိုက်တွေ့ကာ ပွက်လောညံနေသည့် ကမ္ဘာကြီးတွင် ဒီမိုကရေစီသည်လည်း စံချိန်စံနှုန်းအမျိုးမျိုးဖြင့် အသက် ဆက်နေဦးမည်သာဖြစ်ကြောင်း ဖော်ပြလိုရင်း
25-Jul-2017
တိုင်းပြည်၏လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးမှာလည်း အဖမ်းခံရပြီး သူတို့၏ တွိဒ် (Tweet) များ သူတို့မိန့်ခွန်းများဖြင့် စွဲချက်တင်ခြင်း ခံကြရသည်။ နိုင်ငံတော်တစ်ခုလုံး အဖမ်းအဆီးသတင်းများဖြင့် ပြည့်နှက်နေပြီး ပြည်သူအများ ကြောက်ရွံ့နေကြရပါတော့သည်။
25-Jul-2017
ထိုနည်းတူစွာပဲ ပြောင်းလဲမှုကို လုပ်ဆောင်တဲ့သူတွေ အနေနဲ့လည်း အသေအချာ တွက်ချက်လေ့လာ သုတေသနပြု လုပ်ကြ၊ နှစ်ရှည်စီမံကိန်း (Strategic Plan) ရေးဆွဲပြီး အချိန်ဇယား သတ်မှတ်ကာ အပိုင်းလိုက် အောင်မြင်အောင် အကောင်အထည် ဖော်ကြရမှာဖြစ်သလို သတ်မှတ်တဲ့ကာလတို တစ်ခုအတွင်းမှာလည်း အခြားတစ်ဖွဲ့က Evaluation ဆိုတဲ့ ပြန်လည်သုံးသပ် ထောက်ပြပေးနေတာမျိုးတွေ ပြုလုပ်ကြရမှာပါ။
24-Jul-2017
သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အာဏာပိုင်များကလည်း အများပြည်သူများကို H1N1 တုပ်ကွေးနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များ သာမက နိုင်ငံတွင်း ယင်းရောဂါ ဖြစ်ပေါ်နေမှု အခြေအနေ မှန်သမျှကို မိဘပြည်သူများ သိရှိအောင် အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ကြရန် လိုအပ်ကြောင်း
24-Jul-2017
ပြည်သူ့ဝန်ထမ်းဟူသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်လျှင် မည်သူ့ကိုမဆို လုပ်ကို လုပ်ပေးရမည်သာ ဖြစ်ပါသည်။ ပြည်သူများက အမြန် လိုချင်သည်။ အဆင့် ကျော်ချင်သည်ဆိုလျှင်တော့ ဝန်ထမ်းက ပညာပြတော့မည် ဖြစ်ပါသည်။ တော်ရုံတန်ရုံ မည်သည့်ဝန်ထမ်းကမျှ ဥပဒေ၊ စည်းမျဉ်းကို ကျော်၍မလုပ်ရဲပါ။ ပေါ်ပေါက်လျှင်၊ တိုင်တန်းလျှင် ဤကိစ္စက အပြစ်ကြီးပါသည်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းကို ကျော်လွန်၍တော့ မိမိကိုယ်ကျိုးအတ္တ တစ်ခုတည်းကိုကြည့်၍ ဝန်ထမ်းကို မချဉ်းကပ်သင့်၊ မဖျက်ဆီးသင့်ဟု ထင်ပါသည်။
24-Jul-2017
ပညာရေးဌာနက ဆရာ၊ ဆရာမတွေထဲမှာ ခေတ်ဟောင်း စနစ်ဟောင်းက အကျင့်ဆိုးတွေကို တွယ်ဖက်နေတဲ့၊ မက်မောနေတဲ့၊ လက်ခံကျင့်သုံးနေတဲ့သူတွေ ရှိနေသေးတာကို တွေ့လိုက်ရတော့ ပညာရေးစနစ်ကို ဘယ်လို ပြောင်းကြမလဲလို့ တွေးရင်း ရင်ဘတ်ထဲမှာ အမြင့်ဆုံး အပူချိန်တွေ တက်လာသလိုပဲ။
23-Jul-2017
မူးယစ်လူနာများ ဘဝသစ်တစ်ခု ပြန်လည် ထူထောင်နိုင်ရေးမှာ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ တာဝန်ဖြစ်ပေရာ မူးယစ်လူနာ ဖြစ်အောင် ဝိသမလောဘ စိတ်ဖြင့် သိမ်းသွင်းစည်းရုံးနေသူ မူးယစ်ရာဇာများ အမြစ်ပြတ် နှိမ်နင်းရေးနှင့် ကံမကောင်း အကြောင်းမလှဘဲ မူးယစ်သားကောင် ဖြစ်ခဲ့ရသူများ ကယ်တင်ရေးကိုပါ သက်ဆိုင်သူများ အားလုံးက ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ကြရန် လိုအပ်ကြောင်း
23-Jul-2017
အခုတော့ ကိုဖြိုးက စပယ်ယာတွေကို ဖြုတ်ပစ်လိုက်ပြီ။ စိုပြေ အားကျခဲ့ရတဲ့ စပယ်ယာတွေတောင် ဘဝပျက်ကုန်တာ...။ စိုပြေ့ ရည်မှန်းချက်လေးတော့ သွားပြီ။ အဲ့တော့ မြန်မာပြည်က ထွက်တော့မယ်။ စပယ်ယာတွေရှိတဲ့ နိုင်ငံကိုပဲ သွားတော့မယ်။
22-Jul-2017
လောကဓံဆိုတဲ့တရားဟာ တကယ်တော့ ကြောက်စရာ မဟုတ်ပါဘူး။ လောကဓံကို ကြောက်တဲ့စိတ်ကသာ ကြောက်စရာ အကောင်းဆုံးပါ။ အဲဒီကြောက်တတ်တဲ့စိတ်ကို ကိုယ့်အသိဉာဏ်နဲ့ကိုယ် မြင်အောင် မကြည့်နိုင်သေးသရွေ့ လောကဓံတရားကို နည်းမှန်လမ်းမှန်နဲ့ အနိုင်ယူဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကိုပဲ လေးလေးနက်နက် သတိပေးချင်တာပါ။
21-Jul-2017
ယခုလို တောင်းဆိုမှု ပြင်းထန်လာပြီး အုပ်ချုပ်သူ အစိုးရအတွက် အခက်ဖြစ်စေတော့မယ် ဆိုရင်လည်း နိုင်ငံရေးကို ငြိမ်အောင်ထိန်းတဲ့နည်းနဲ့ သူတို့ရဲ့ ဥပဒေပြုရမယ့် စာရင်းထဲမှာ နံပါတ်တစ်နေရာမှာ ရွှေ့ပြောင်းတင်ထားရတာမျိုး ရှိနေတတ်ပါတယ်။ မြင်အောင်ကြည့်ရမယ်၊ သုံးသပ်တတ်ရမယ် ဆိုတာ ဒါကိုပြောတာပါ။ ဥပဒေပြုကြတဲ့သူတွေက နိုင်ငံရေးသမားတွေ ဖြစ်တာမို့ ဥပဒေကို ဥပဒေလို့ချည်း မြင်နေလို့ မရပါဘူး။
20-Jul-2017
ယခုအခါ ရန်သူတော်နှစ်ဦးအကြား မြန်မာနိုင်ငံကြားညပ်မည့် အနေအထားမျိုး ဖြစ်လာချိန်တွင် မြန်မာအနေနှင့် “မိတ်ဆွေကတစ်ရာ၊ ရန်သူက တစ်ယောက်ရှိပါက ရန်သူတစ်ယောက်က များလွန်းသည်”ဟူသော ဆိုရိုးအတိုင်း မည်သူနှင့်မျှ ရန်သူမဖြစ်အောင် လိမ္မာပါးနပ်စွာ ပြုမူတုံ့ပြန်နိုင်ရန် အထူးအရေးကြီးကြောင်း
20-Jul-2017
မျိုးဆက်သစ် လူငယ်များ၏ အသိဉာဏ်ပညာ ကြီးမားရင့်ကျက်သည့် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် နိုင်ငံရေး အယူအဆများ၊ စီးပွားရေးအသိ အတွေးအခေါ်များနှင့် အခြား နယ်ပယ်အသီးသီးတွင် နိုင်ငံတော်အတွက် အားထားရမည့် လူငယ်လေးများ၏အား အထူးလိုပါသည်။