News

31-Mar-2019
မြန်မာပြည်မှာဖြစ်တဲ့ ယာဉ်မတော်တဆ တိမ်းမှောက်မှုတွေ၊ ယာဉ်တိုက်မှုတွေ၊ ယာဉ်မီးလောင်မှုတွေကြောင့်သေဆုံး၊ ဒဏ်ရာရဖြစ်စဉ်တွေကိုကြည့်လိုက်ရင် ခရီးသည်တွေရဲ့ ပေါ့ဆမှုထက် စောစောကပြောတဲ့ သက်ဆိုင်ရာ အဆင့်ဆင့်အလိုက် တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုက ပိုများတာတွေ့ရမယ်။
29-Mar-2019
ဒီလိုမဟုတ်ဘဲ အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောလေ့ရှိသူအတွက် ဆိုရင်တော့ အဆင်ပြေရင်လည်း ခဏပဲဖြစ်နိုင်မှာပါ။ တစ်ခါပဲရမယ်၊ နှစ်ခါ တော့မရဘူးဆိုတာမျိုးတွေနဲ့ပဲ အကုန်လုံး ခပ်ခွာခွာဖြစ်ကုန်ကြလိမ့်မယ်။ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆွေးနွေးတယ်၊ ညှိနှိုင်းတယ်။ ဆွေးနွေး သဘောတူထားတဲ့အတိုင်း နှစ်ဖက်စလုံးက လိုက်နာနေကြတယ်၊ ကိုယ့်ကတိ၊ ကိုယ့်စကားအတိုင်း ထာဝရ နေထိုင်သွားကြတယ်ဆိုရင်တော့ ဆွေးနွေးစရာ၊ ညှိနှိုင်းစရာတွေ ဘယ်လောက်ပဲများနေပါစေ၊ တဖြည်းဖြည်းတော့ ပြဿနာတွေ လျော့နည်းပြေပျောက်သွားမှာပါပဲ။ ဒီမျှော်လင့်ချက်က လက်တွေ့ကျနေပါလိမ့်မယ်။
29-Mar-2019
ဒါတွေဟာ ယူတတ်ရင် ကျွန်တော်တို့နိုင်ငံ ရဲ့ရှေ့ရေးအတွက် သင်ခန်းစာရယူဖော်ထုတ်ကာ ပြန်လည်အသုံးချရမယ့် သင်ခန်းစာတွေပါ။ ယူတတ်အောင်လည်း မီးမောင်းထိုးပြနေပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ အခုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လွှတ်တော်ထဲမှာ ခြေဥပြင်ဆင်ရေးလုပ်ငန်းတွေ အစပျိုးခြေလှမ်းပြင် အပြိုင်ခင်းကျင်းနေကြတာမို့ ကျွန်တော်တို့လွှတ်တော် (ဥပဒေပြုရေးအဖွဲ့) ကိုလည်း ဘယ်လိုပုံစံနဲ့ပြန်ဖွဲ့ကြမလဲ . . .
29-Mar-2019
မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံတစ်ခုဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်သွားနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်တာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကျင်းပနိုင်တာ၊ တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုပွဲတော်တွေကို ကျင်းပနိုင်ခဲ့တာ ကြိုဆိုရမှာဖြစ်ပေမယ့် အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက်တော့ “တန်းတူညီမျှရေး” ဟာ အထူးပဲ အရေးကြီးပါတယ်။
28-Mar-2019
အာဏာရှင်စနစ် ကျင့်သုံးသည့်နိုင်ငံဖြစ်စေ၊ ကွန်မြူနစ်နိုင်ငံဖြစ်စေ၊ ဒီမိုကရေစီနိုင်ငံဖြစ်စေ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ပန်းတိုင်ကို သတ်မှတ်ပုံဖော်ပေးပြီး ယင်းပန်းတိုင်သို့ ဖြောင့်ဖြောင့်မတ်မတ်သွားနိုင်အောင် ထိန်းကျောင်းပေးရသည်မှာ သမိုင်းပေးအစဉ်အလာ တစ်ရပ်ပင်ဖြစ်ပေသည်။ ဒီမိုကရေစီနိုင်ငံတွင်မူ မတူကွဲပြာသည့် အုပ်စုများနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်လေ ဦးတည်သည့်လမ်းမှန်ကို ရှာတွေ့လေဖြစ်ပေသည်။
28-Mar-2019
မည်သည့်အရာတွင်ပင်ဖြစ်စေ ရေခံမြေခံကောင်းဖို့လိုသည်။ ကောင်းမွန်သည့်ရေခံမြေခံတွင် စိုက်ပျိုးနိုင်မှ သီးနှံကောင်းကို ရနိုင်မည်ဖြစ်သည်။ မိမိတို့ စိုက်ပျိုးသလောက်ကိုသာ ရိတ်သိမ်းနိုင်မည်ဖြစ်၍ ရေခံမြေခံကောင်း ဝန်းကျင်ကောင်းများစွာကို ဖန်တီး၍ မှန်မှန်ကန်ကန် ပြုစုပျိုးထောင်နိုင်မှသာ အမှန်တရားကိုချစ်သော အမှန်တရားကို ဖော်ထုတ်ပြသရဲသော၊ စွန့်လွှတ်အနစ်နာခံရဲသော မျိုးစေ့ကောင်းများဖူးပွင့်ရာ ဒီမိုကရေစီပန်းခင်းကြီးကို ကောင်းစွာ ရိတ်သိမ်းနိုင်မည်ဖြစ်သည်။
28-Mar-2019
မျက်မှောက် မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်း အကြောက်တရားဟာ ကြီးစိုးနေတုန်းဖြစ်သလို အာဏာသိမ်းနိုင်တဲ့ အင်အားစုဟာလည်း အားကောင်းနေဆဲဖြစ်တာကြောင့် ဒီအချက်ကို အခြေခံပြီး ဒီကနေ့ နိုင်ငံရေးလောကမှာ ပြဿနာကြီး ၃ ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ ပထမပြဿနာက တပ်မတော်က အချိန်မရွေး အာဏာကို အလုံးစုံ ပြန်လည်ရယူနိုင်သေးတယ်ဆိုတဲ့ သံသယနဲ့ ယုံကြည်စိတ်ဟာ အားကောင်းနေသေးတာကြောင့် လက်နက်ကိုင်တော်လှန်ရေးဟာလည်း လုံးဝစွန့်လွှတ်လိုက်လို့ မဖြစ်ဘူးဆိုတဲ့ အယူအဆ အားကောင်းလာတာဖြစ်ပါတယ်။
28-Mar-2019
“ကိုယ်တွေခေတ်တုန်းက ကောင်မလေးတစ်ယောက်ကို စာလိုက်ပေးတာ ရည်းစားစကား လိုက်ပြောရတာ မလွယ်ဘူး။ တော်ရုံဇွဲနဲ့တော့ ကောင်မလေး တစ်ယောက်ရဲ့ အဖြေကိုရဖို့ မလွယ်ဘူး”ဟု မြိတ်မြို့သား ကိုဦးက ပြောသည်။
28-Mar-2019
ယနေ့အချိန်သည် တိုင်းပြည်အတွက် အရေးကြီးသည့် အချိန်ကာလတစ်ရပ်ထဲသို့ ရောက်ရှိနေပေရာ အခေါ်အဝေါ်ကဲ့သို့သော အသေးအဖွဲကိစ္စကအစ ဂရုစိုက်တတ်ပါမှ မိမိတို့ ဦးတည်လုပ်ဆောင်နေသည့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကြီးကို လက်ဝါးချင်း ရိုက်နိုင်သည့်အဆင့်သို့ အရောက် တွန်းနိုင်မည်
27-Mar-2019
တစ်ဦးချင်းစီ၏ နိုင်ငံရေးယဉ်ကျေးမှုနှင့် လူထု၏နိုင်ငံရေးယဉ် ကျေးမှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်အပေါ် အကျိုးသက်ရောက်လျက်ရှိရာ နိုင်ငံရေးယဉ်ကျေးမှု တိုးတက်မှုနှင့်အတူ မြင့်မားသောနိုင်ငံရေးစနစ်တစ်ရပ် ရရှိနိုင်မည်ဖြစ်ပေသည်။ ပြောင်းပြန်အားဖြင့် မြင့်မားသောနိုင်ငံရေးစနစ်တစ်ရပ် တည်ထောင်မည်ဆိုပါက တစ်ဦးချင်း သို့မဟုတ် လူထု၏နိုင်ငံရေးယဉ်ကျေးမှုမြင့်မားရန် လိုအပ်မည်ဖြစ်သည်။
27-Mar-2019
အစိုးရတစ်ရပ်ရှိပြီး တရားဥပဒေစိုးမိုးမှုရှိသော နိုင်ငံတစ်နိုင်ငံတွင် လူတစ်ယောက် မွေးဖွားသည်မှစ၍ သေဆုံးသည်အထိ ၎င်းနှင့်သက်ဆိုင်သည့် မှတ်တမ်းမှတ်ရာများမှာ သက်ဆိုင်ရာဌာနများတွင် ရှိကြပါသည်။ မြန်မာနိုင်ငံအနေနှင့်လည်း ကလေးတစ်ယောက်မွေးလာသည်နှင့် သားဖွားဆရာမမှတစ်ဆင့် နီးစပ်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)သို့ အကြောင်းကြား၍ မွေးစာရင်းထုတ်ပေးပါသည်။ သို့ရာတွင် ယခုအသက် ၆၀ ဝန်း ကျင်ရှိသူတို့မွေးဖွားသည့်အချိန်ကာလမှာ ထိုကဲ့သို့စနစ်တကျ မဆောင်ရွက်နိုင်သေးသဖြင့် ကျောင်းအပ်နှံသည့်အခါတွင် မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် ကလေးငယ်၏နှုတ်မှပြောသည်တို့ကို မှတ်တမ်းပြုရေးသားကြရသည်။ ကျွန်တော်ပင်လျှင် အသက် ၆ နှစ်ပြည့်သည့်အချိန်တွင် မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းသည့်အတွက် အသက် ၇ နှစ်ပြည့်မှသာလျှင် ကျောင်းအပ်နှံနိုင်ခဲ့သည်။ သို့ရာတွင် ကျောင်းအပ်နှံသည့်အခါ၌ အသက်ကို ၆ နှစ် ဟုသာ စာရင်းပေးခဲ့သည့်အတွက် ဇာတာသက်နှင့် ကျောင်းသက်မှာ တစ်နှစ်ကွာခြားနေခဲ့ပါသည်။ သို့ရာတွင် ယင်းကျောင်းအပ်နှံသက်ကိုပင် မှတ်ပုံတင်ပြုလုပ်ရာတွင်လည်းကောင်း၊ ဆယ်တန်းဖြေဆိုရာတွင်လည်းကောင်း အသုံးပြုခဲ့သဖြင့် ဝန်ထမ်းအဖြစ်ဝင်ရောက်ရာတွင်လည်း ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် မပြောင်းမလဲ ရေးမှတ်နိုင်ခဲ့ပါသည်။
26-Mar-2019
အပြောင်းအလဲဟုဆိုရာတွင်လည်း သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင် ရှိနေသော ကော်မတီ၊ ကော်မရှင်များ နာမည်ပြောင်းခြင်း၊ လူပြောင်းခြင်းကဲ့သို့ အပေါ်ယံဆန်ဆန် အပြောင်းအလဲများထက် အနှစ်သာရ သဘောဆောင်သည့် မူဝါဒများ ပြောင်းလဲရေးကို ပြည်သူလူထုက ပို၍လိုလားခဲ့ကြခြင်းသာဖြစ်သည်။
26-Mar-2019
အရည်အချင်းအပေါ်ကြည့်ပြီး မြှောက်စားတတ်သည့်အလေ့အထများ ပျောက်ဆုံးနေတတ်သည်။ အဖွဲ့အစည်း၏အခြေအနေကို အမှန်အတိုင်း တင်ပြပြောဆိုတတ်သည့်သူဆိုလျှင် အမုန်းခံရတတ်သည်။ အငြိုငြင်ခံရ တတ်လေ့ရှိသည်။ ဤသို့ဖြင့် တော်သည့်သူများ၊ တတ်သည့်သူများမှာ ရှေ့မှဦးဆောင်ခွင့်မရဘဲ၊ အခွင့်အာဏာရှိသူများနှင့် ပလဲနံပသင့်သူများသာ ရှေ့မှရောက်ပြီး ဦးဆောင်တတ်လေ့ရှိကြသဖြင့် ယနေ့ခေတ် မြန်မာနိုင်ငံ၏အခြေအနေသည် ဤသို့ဖြစ်နေရသည်မှာ ထင်ရှားသည်။
26-Mar-2019
ဒီတော့ အပြစ်မဲ့ပြည်သူတွေရဲ့ဘဝကို မြင်အောင် ကြည့်ကြစေချင်ပါတယ်။ ဘယ်သူပဲနိုင်နိုင် စိတ်မချမ်းသာနိုင်တဲ့ တိုက်ပွဲထဲမှာ အသက်လု ပြေးလွှားနေရတဲ့ ကလေးတွေရဲ့ဘဝ၊ အပြစ်မဲ့တဲ့ အဘိုးအဘွားတွေရဲ့ဘဝ၊ ကလေးတွေရဲ့ပညာရေး၊ အဘိုးအဘွားတွေရဲ့ ကျန်းမာရေး စသည်ဖြင့် စစ်ရဲ့အနိဋ္ဌာရုံမြင်ကွင်းတွေကို မြင်အောင် ကြည့်ကြစေချင်ပါတယ်။ တစ်ဖက်ရန်သူကို ကိုယ်ချင်းမစာနိုင်လောက်အောင် အမုန်းတရား ကိန်းအောင်းနေရင်လည်း ရှိပါစေ၊ ဒီတိုက်ပွဲတွေကြောင့် ဒုက္ခရောက်ကြရတဲ့ ကြားက ပြည်သူတွေကို ကိုယ့်မိသားစုဝင်တွေလို့ ခဏလေးဖြစ်ဖြစ် သဘောထားကြည့်မယ်ဆိုရင် လူသားအချင်းချင်း စာနာစိတ်လေးတော့ ဖြစ်မိမှာပါ။
25-Mar-2019
မြန်မာနိုင်ငံတွင်မူ အခြေခဥပဒေပြင်ဆင်ရေးကို လက်ညှိုးထိုးပြီး ပြည်တွင်း စစ်မီး အပါအဝင် နိုင်ငံရေး၊ လူမျိုးရေး စသော အကဲဆတ်သည့် ပြဿနာကြီးများ ဖြစ်ကာ ဒုံရင်းဒုံရင်း ပြန်ဖြစ်သွားနိုင်သည်ကို အထူးသတိချပ်ရမည်ဖြစ်ကြောင်း