15-Feb-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်က ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။
15-Feb-2017
ဧရာဝတီ တိုင်းဒေသကြီးရှိ ကျေးလက်ဒေသများတွင် လက်လုပ် လေသေနတ်များကို အပျော်တမ်း တီထွင်ဖန်တီးကာ တွင်ကျယ်စွာ အသုံးပြုလာကြောင်း ဒေသခံများက ပြောကြားသည်။
15-Feb-2017
လွှတ်တော် အစည်းအဝေးအတွင်း မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ ဆွေးနွေးခြင်းတို့တွင် ထိထိရောက်ရောက် ပြောဆိုမေးမြန်းရန်နှင့် ပြန်လည် ဖြေကြားသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများအနေဖြင့် သွယ်ဝိုက်ဖြေကြားခြင်း မပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေး ပြောကြားလိုက်သည်။
14-Feb-2017
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစုပင်လုံ ဒုတိယ အစည်းအဝေး ကျင်းပရန် စီစဉ်ထားသော လျာထားရက်ကို ထပ်မံ ရွှေ့ဆိုင်းရန် စီစဉ်နေကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။
14-Feb-2017
မြန်မာနိုင်ငံတွင် ဖြစ်ပွားသော သဘာဝ ဘေးအန္တရာယ်များအနက် မီးဘေးအန္တရာယ်မှာ ၇၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။
14-Feb-2017
ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော AA (ရခိုင် လက်နက်ကိုင်အဖွဲ့)များ ထွက်ခွာခြင်း မပြုပါက စစ်ရေးအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက ပြောကြားသည်။
14-Feb-2017
ပြည်ပမှမှာယူတင်သွင်းပြီး တစ်နှစ်ကျော်ကာလအထိ လာရောက်ထုတ်ယူခြင်း မရှိသေးသော ရန်ကုန်သီလဝါဆိပ်ကမ်းမှ မော်တော်ယာဉ် အစီးရေ ၁၀၈၀ ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိရသည်။
14-Feb-2017
အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခဲ့သည့် ရေထွက်ပစ္စည်း ကွန်တိန်နာ ၂၆ လုံးတွင် ဆင်မိုနဲလားရောဂါပိုး ပါဝင်ကြောင်း အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဌာန (FDA) က စစ်ဆေးတွေ့ရှိခဲ့သဖြင့် ငြင်းပယ်လိုက်ကြောင်း
14-Feb-2017
ဂျပန်နိုင်ငံ SAT ကုမ္ပဏီနှင့်ပူးပေါင်းပြီး “ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ချိန်ခါမရွေး ဆောင်ရွက်ပေး”ခေါင်းစဉ်ဖြင့် ကာတွန်းပြိုင်ပွဲကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ မတ်လ ၂၅ ရက်၊ လသာမြို့နယ် အထက ၂ ကျောင်း၌ ကျင်းပမည်
14-Feb-2017
ရွှေဂုံတိုင် ကလေးပြုစုရေး ဂေဟာတွင် စောင့်ရှောက်ထားသည့် ကလေး ရှစ်ဆယ်ကျော်အတွက် ကျန်းမာရေး အသုံးစရိတ်ကို လာရောက် လှူဒါန်းကြသည့် အလှူငွေများမှ လစဉ်ကျပ် သုံးသိန်းအထက် ပုံမှန် သုံးစွဲနေရကြောင်း ယင်းဂေဟာထံမှ သိရသည်။
14-Feb-2017
စစ်ကိုင်း တိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဲဒင်ကျေးရွာအနီး မဲဒင်ကျွန်းတွင် မဲဒင်ကျေးရွာမှ မုံရွာမြို့သို့ ပဲစင်းငုံများ ရောင်းချရန် တင်ဆောင်လာသည့် လိုင်းစက်လှေတစ်စီးက ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက် ၉ နာရီတွင် တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
14-Feb-2017
ရှမ်းပြည်နယ် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ထိုင်းဘတ်ငွေ ငါးသိန်းဖြင့် ပြန်ပေးဆွဲထားသည့်အဖွဲ့ကို ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းထံမှ သိရသည်။
14-Feb-2017
မွတ်ဆလင် ခုနစ်နိုင်ငံမှ နိုင်ငံသားများကို ခရီးသွားလာခွင့် ပိတ်ပင်ရန်နှင့် အမေရိကသို့ ဒုက္ခသည်များ ဝင်ရောက်မှုကို ပိတ်ပင်ရန် သမ္မတထရမ့်က အမိန့်ထုတ်ပြန်မှုအပေါ် ပယ်ဖျက်သည့် တရားရုံး ဆုံးဖြတ်ချက်ကို တုံ့ပြန်ရန်အတွက် နည်းလမ်းအားလုံးကို အိမ်ဖြူတော်က စဉ်းစားနေသည်ဟု သမ္မတ၏ ထိပ်တန်းအကြံပေးတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
14-Feb-2017
အခွန်ပေးဆောင်ရန် ကျန်ရှိသည့် မော်တော်ယာဉ် အရောင်းပြခန်းနှင့် စင်တာများထံမှ အခွန်ကျပ် ၁၀ ဘီလီယံကျော် ပြန်လည်ရရှိပြီ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။