News

24-Nov-2016
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ပြီး အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နှင့် The Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို နိုဝင်ဘာလ ၂၅ ရက် သောကြာနေ့ နံနက်ပိုင်းတွင် တာမွေမြို့နယ် တရားရုံးသို့ ရုံးထုတ်မည်
24-Nov-2016
မြန်မာနိုင်ငံတစ်ဝန်း ဒေသအသီး သီးတွင်ဖြစ်နေသည့် သက်ငယ် မုဒိမ်းမှုများ ပပျောက်ရေးနှင့် ပြစ်မှု ကျူးလွန်သူများကို အစိုးရအဖွဲ့က ပြင်းပြင်းထန်ထန် ပြစ်ဒဏ် ချမှတ်နိုင်ရေး လှုံ့ဆော်သည့် အနေနှင့် နိုဝင်ဘာလ ၂၆ နှင့်၂၇ ရက်နေ့တို့တွင် မန္တလေးမြို့တော် ၆၂ လမ်းရှိ မနော်ရမ္မံဥယျာဉ် လူထုကွင်း၌ Photo Campaign ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲကို စီစဉ်နေသူများထံမှ သိရသည်။
24-Nov-2016
ပြည်ပနိုင်ငံများသို့ စိန်၊ ရွှေနှင့် ကျောက်မျက်များ တရားဝင် တင်ပို့ခွင့် စတင် ခွင့်ပြုပါက လိုင်စင် ရှိသူတိုင်း ပို့ခွင့်ရရှိရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျောက် မျက်အသင်းများနှင့် ဆွေးနွေးညှိနှိုင်းနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
24-Nov-2016
ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုမှာ ပြီးခဲ့တဲ့ ၅၄ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် နိုဝင်ဘာလမှာ နှင်းကျခြင်းအဖြစ် ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နှင်းတွေ ကျဆင်းခဲ့ပါတယ်။
24-Nov-2016
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန့်ရှီပြည်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆၇ ဦး ခန့် အသက် ဆုံးရှုံးခဲ့ရပါတယ်။
24-Nov-2016
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လဝက ဦးစီးမှူးရုံး၌ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) မွန်းလွဲ ၃ နာရီခွဲက ပေါက်ကွဲသံ ထွက်ပေါ်ခဲ့သဖြင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ အသေးစားဗုံး ငါးလုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။
24-Nov-2016
လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုဖြင့် လွန်ခဲ့သော နှစ်နှစ်က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသည့် ခမာနီ ခေါင်းဆောင်ဟောင်းများ၏ အယူခံကို ဖနွမ်ပင်ရှိ ကုလသမဂ္ဂ နောက်ခံပြုခုံရုံးက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း CNA သတင်းက ဖော်ပြသည်။
24-Nov-2016
တစ်ဒေါ်လာလျှင် ၁၃၅၄ ကျပ်အထိ ၁၆ နှစ်ကျော် ကာလအတွင်း စံချိန်တင်ဈေးနှုန်းအဖြစ် မြင့်တက်ခဲ့သော အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် ဒေါ်လာစုထားသူများက ထုတ်ရောင်းလာကြခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။
24-Nov-2016
မူဆယ်ခရိုင်အတွင်း ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးနေသောကြောင့် ကောလာဟလ သတင်းများအပေါ် မစိုးရိမ်ကြရန် မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယနေ့ (နိုဝင်ဘာ ၂၄ နေ့) က ကြေညာချက် ထုတ်ပြန်လိုက်သည်။
24-Nov-2016
မန္တလေး-မြစ်ကြီးနား ရထားလမ်း ပြည်ထောင်ရွာတွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီခွဲက ဘူတာအနီး ရပ်ထားသည့် အမှတ် ၈၁၀ ကုန်ရထားတစ်စင်းကို မန္တလေးမှ ဆန်တက်လာသည့် အမှတ် ၄၂၇ ကုန်ရထားက ခေါင်းချင်းဆိုင် ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနား ရထားဘူတာရုံပိုင် ဦးကြည်ဆန်းက ပြောကြားသည်။
23-Nov-2016
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေသော မြန်မာစစ်ပြေး ဒုက္ခသည်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ အစည်းအဝေးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
23-Nov-2016
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် (လားရှိုး - မူဆယ် လမ်းပိုင်း) သွားလာနေသည့် မော်တော်ယာဉ်များကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုက တားဆီးပိတ်ဆို့ကာ သော့များကို သိမ်းယူ၍ ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ကိုယ်တွေ့ ကြုံခံရသူနှင့် ဒေသခံ ခရီးသွားများထံမှ စုံစမ်း သိရှိရသည်။
23-Nov-2016
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင် အနီးတို့တွင် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစ၍ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းကြောင်းများ ပိတ်ဆို့ပြီး တရုတ်သို့ တင်ပို့သည့် ကဏန်းအမာ အကောင်ရေ တစ်သိန်း နီးပါးမှာ သေဆုံးကုန်သည့်အတွက် မူဆယ်လမ်းပေါ်တွင် စွန့်ပစ်ခဲ့ရကြောင်း ကဏန်း မွေးမြူတင်ပို့ သူများထံမှ သိရသည်။
23-Nov-2016
မသန်စွမ်းသူများကို အခြား သာမန် လူများ နည်းတူ တန်းတူ ညီတူ အခွင့်အရေး ရရှိစေရန် ဝိုင်းဝန်းပံ့ပိုး ကူညီပေးစေလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်၊၊
23-Nov-2016
တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက် ယနေ့ (နိုဝင်ဘာလ ၂၄) ရက်တွင် ကျရောက်သော ၉၆ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ၊ လွှတ်တော်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ကျောင်းသား သမဂ္ဂများ ပူးတွဲ၍ မွန်းလွဲ ၄ နာရီတွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်