News

15-Oct-2016
လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှ ယနေ့ချိန်အထိ မြန်မာနိုင်ငံ သမိုင်းဖြစ်စဉ်များကို အမှန်အတိုင်း ပြုစု ရေးသားရန် မြန်မာ့သမိုင်းကော်မရှင်ကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး ပညာရှင်များကို တာဝန်များ ပေးအပ်ရန် လျာထားရေးကို အောက်တိုဘာလ ၂၉ ရက်နေ့၌ ရန်ကုန်မြို့ အမျိုးသား ပြတိုက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
15-Oct-2016
ခါကာဘိုရာဇီ တောင်တက်သမား ကိုအောင်မြင့်မြတ် ကိုယ်တိုင် ရိုက်ကူးခဲ့သည့် မြန်မာနိုင်ငံ မြောက်ဖျားဒေသ သဘာဝ အလှအပ ရှုခင်းများနှင့် ရေခဲတောင်ဒေသ ရှုခင်းများ ဓာတ်ပုံပြပွဲကို လာမည့်အောက်တိုဘာလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပ ပြုလုပ်သွား မည်ဖြစ်ပြီး ရရှိလာသည့် ဓာတ်ပုံ ရောင်းရငွေများကို ငလျင်ဒဏ်သင့် ပုဂံဘုရား ပုထိုးများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးအတွက် လှူဒါန်းသွားမည်
14-Oct-2016
ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးသည် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်သို့ အောက်တိုဘာလ ၁၄ ရက်နေ့က လေ့လာရေးခရီး သွားရောက်ခဲ့သည်။
14-Oct-2016
အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်ရှိ ဘင်္ဂါလီကျေးရွာ အချို့တွင် တပ်မတော်က နယ်မြေ ရှင်းလင်းမှုများ လုပ်ဆောင်နေပြီး ယင်းကျေးရွာ အခြေအနေများကို သတင်း သွားရောက်ရယူရန် အခက်အခဲရှိကြောင်း မီဒီယာသမားများက ပြောဆိုကြသည်။
14-Oct-2016
အကြမ်းဖက်မှုများ ဖြစ်ပွားနေပြီး ဒေသတည်ငြိမ်မှု အားနည်းနေသဖြင့် မောင်တော ဒေသခံ ထောင်ချီကာ နေ့စဉ် နေအိမ်စွန့်ခွာ ထွက်ပြေးလျက် ရှိသည်။
14-Oct-2016
ကချင်၊ ရှမ်းနှင့် မောင်တောကိစ္စများ အပါအဝင် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးရန် အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ အထူး အစည်းအဝေးကို နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်ခဲ့သည်။
14-Oct-2016
အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်​​ပေါ်ခဲ့သည့်​ ရခိုင်ပြည်နယ် ​မောင်​​တော၊ ဘူးသီး​တောင်​နှင့်​ ရ​သေ့​​တောင်​မြိုနယ်​ သုံးမြို့နယ်​ကို တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးအတွက် တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆင်ရေး ​ဆောင်​ရွက်​လျက်​ရှိ
14-Oct-2016
မြန်မာနိုင်ငံတွင်း ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့် ဖားကန့် ကျောက်စိမ်းမှော်နယ် နယ်မြေရှိ ဆိပ်မူကျေးရွာအုပ်စု၊ မှက်လင်ချောင်မှော်ရှိ နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသည့် ရတနာတောင်တန်း ကုမ္ပဏီလုပ်ကွက် အတွင်းမှ တန်ချိန် ၁၈၀ နီးပါး ရှိသည့်၊ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံး စာရင်းဝင်နိုင်သည့် လုံးစွတ်အမျိုးအစား ကျောက်စိမ်းတုံးကြီးကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အတည်ပြု ရေးသားထားသည်။
14-Oct-2016
တရုတ်နိုင်ငံရှိ ဒုတိယကမ္ဘာစစ်သမိုင်း ပြတိုက်သို့ လှူဒါန်းမည့် ဒုတိယကမ္ဘာစစ်သုံး အမေရိကန်လေယာဉ် စီ-၄၇ ၏ နောက်ဆုံးသမိုင်းဝင် ခရီးစဉ်အဖြစ် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ (အောက်တိုဘာလ ၁၄ ရက်) ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် ရောက်ရှိခဲ့သည်။
14-Oct-2016
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် အငှားယာဉ်တစ်စီးပေါ်၌ အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းက ပိုင်ရှင်မဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
14-Oct-2016
ထိုင်းဘုရင် ဘူမိဘော ကံတော်ကုန်ပြီးနောက် နောက်ဆက်တွဲဂယက် အဖြစ် ထိုင်းဘတ်ငွေ တန်ဖိုးနှင့် စတော့ရှယ်ယာ ဈေးနှုန်းများ ကျဆင်းလိမ့်မယ်ဟု အများက ခန့်မှန်းခဲ့သော်လည်း ခန့်မှန်းချက်များနှင့် ဆန့်ကျင်ပြီး တန်ဖိုးများ မြင့်တက်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
14-Oct-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နမ့်ဘော်အော့ရွာဟောင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀ အပါအဝင် ဘိန်းစိမ်းနှင့် ဆေးရှူကိရိယာများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
14-Oct-2016
အိမ်အကူ မိန်းကလေးနှစ်ဦးအပေါ် ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင် မိသားကို ကလေးသူငယ်ပုဒ်မ ၆၆ (ဃ) ဖြင့် အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီက ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။
14-Oct-2016
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း လက်ပံတန်းမြို့ ဒေသခံ သတင်းသမားတစ်ဦးနှင့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးကို အောက်တိုဘာလ ပထမပတ်ခန့်က ရေငံကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲဆိုခံထားရသူများက ပြောကြားသည်။
14-Oct-2016
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာ အုပ်စုမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ၎င်းနေထိုင်ရာ ကျေးရွာမှ စက်တင်ဘာ ၁၄ ရက် နံနက် ၄ နာရီခွဲက ပန်းရောင်းရန် ထွက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးက မုဒိမ်းကျင့်၍ မော်လမြိုင်မြို့ရှိ ရတနာထက် KTV စားသောက်ဆိုင်သို့ ပို့ဆောင်ကာ အလုပ်စေခိုင်းခဲ့ကြောင်း ယင်းအမျိုးသမီးငယ်၏ အုပ်ထိန်းသူက ပြောကြားသည်။